unicode
ရှောင်ကျန့်ကူညီရန်ပြေးဝင်သွားသော်လည်း သူ့ရှေ့သို့ထုပ်တန်းများပြိုကျလာ၍နောက်သို့ဆုတ်လိုက်သည်။အပေါ်သို့မော့ကြည့်လိုက်တော့ ရိပေါနှင့်ထိုလူမှာ မီးစွဲရန်ကျန်နေသောနေရာကွက်လပ်အသေးလေးတွင်ချနေဆဲ။ရှောင်ကျန့် အပေါ်သို့ခုန်တက်လိုက်ပြီး ရိပေါကိုကူညီရန်သွားလိုက်သည်။ထိုလူမှာအကူလာသည်ကိုတွေ့သည်နှင့် ပြေးရန်ကြိုးစားတော့သည်။တစ်ယောက်တည်းကိုမနည်း ကာချနေရတာ နှစ်ယောက်ဆိုတော့မနိုင်မှန်းသိ၍နေလိမ့်မည်။
ရှောင်ကျန့် ကသူ့ရှေ့ရောက်လာသူကိုအလွတ်ပေးနိုင်မည်တဲ့လား။ရှောင်ကျန့်စိတ်စွမ်းအားဖြင့်ထိုလူခြေထောက်ကို ပစ်လိုက်သည်။မှောက်ယက်လဲကျသွားသော လူဆီသို့သွက်သွက်သွားလိုက်ကာ ချုပ်လိုက်၍ ဂုတ်မှဆွဲကာအပြင်သို့ထွက်လာလိုက်သည်။အနောက်သို့ရိပေါပါမပါလှည့်ကြည့်တော့ ပါလာ၍ ရှောင်ကျန့် မီးလွတ်ရာသို့သွားကာ ချုပ်လာသောလူကိုချလိုက်သည်။"မင်းဘယ်သူလဲ မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ"
"အဲ့တာကိုငါကသာမေးရမှာ မင်းတို့ကသာဘယ်သူလဲ "
ရှောင်ကျန့်ကသူ့ယပ်တောင်နှင့်ထိုလူလည်ပင်းကိုထောက်လိုက်ပြီး
"မင်းဘာဉာဏ်များချင်တာလဲ မေးတာသာဖြေ"
"ငါ့နာမည်က ယွီပင်း ငါက မိစ္ဆာနှင်ဆရာလေးတစ်ယောက် "
"ဒါဆိုဘာလို့ငါတို့ကိုတိုက်ခိုက်တာလဲဉာဏ်များမယ်မကြံနဲ့ ငါဘယ်အကြောမှာထောက်ထားလဲသိတယ်မလား"
ရှောင်ကျန့်ကယပ်တောင်ဖြင့်ထိထားသောနေရာကိုပိုဖိလိုက်ပြီးပြောလိုက်သည်။
"ငါမိစ္ဆာအရိပ်အငွေ့ရလို့ အပေါ်ထပ်တက်လာပြီးအခန်းတွေထဲရှာနေချိန်မှာ မီးထလောင်မယ်လို့ဘယ်သူကသိမှာလဲ အခန်းထဲကထွက်လာတော့ ဒီလူကရုတ်တရပ်ပေါ်လာတော့အလန့်တကြားတုံ့ပြန်မိတာ "
"မင်းရဲ့အဖြေမှာလိမ်ညာတာမျိုးရှိလား"
"ငါမလိမ်ဘူး အမှန်တိုင်းပြောနေတာ ငါကဒီတိုင်းဆရာလေးတစ်ယောက်ပါ"
ESTÁS LEYENDO
ကံကြမ္မာစေရာ(ကံၾကမၼာေစရာ)