"Fk Oh Sehun "*ဝူး*
"ဟေ့ရောင် Chanyeol မူး ချင် ယောင်ဆောင်မနေနဲ့တော့ သူတို့သွားပြီ "
"Sehun မင်းဒီလိုလုပ်လိုက်ရတာ ပျော်ရဲ့လား ရင်ထဲမပါတဲ့စကားတွေပြောပြီး သူ့ကိုမနှိပ်စက်ပါနဲ့တော့ကွာ သူ့ကို လွှတ်ပေးလိုက်ပါတော့ "
"Yeol မင်း ငါ့အကြောင်းကို သိပါတယ် သူကငါ့ကို လာလာဆွနေတာ ငါလည်း ဒေါသမထွက်ချင်ပါဘူး "
"မင်းတို့နှစ်ယောက်က အချင်းချင်း နားလည်မှုလွဲနေတာပဲ မာန တွေ အတ္တတွေ မထားရင် ကောင်းမယ် "
"တော်ပြီ ငါ ဘာမှ မကြားချင်တော့ဘူး သွားရအောင် ငါတို့နောက်ကျနေပြီ "
" Sehun ya ..ဟူး.... မင်း တော်တော် ခေါင်းမာတာပဲ "
........................ ~ ...........................
*တီ တီ တီ *
တုန်ခါ၍ မြည်နေသော Phone alarm ကို ပိတ်ပြီး ခေါင်းကို အသာ ဖိမိ လိုက်တယ်
"အား ခေါင်းကိုက်လိုက်တာ"
မနေ့က တော်တော် သောင်းကျန်း လိုက်တာပဲ
ရုတ်တရတ် ကျနော့ အတွေးထဲကို ဝင်လာသော မနေ့ညက သူ့ပုံရိပ်များ..ကျနော့် ပါးပေါ်သို့ ထိတွေ့လာသော သူ့နှာခမ်းပါး
// fkkk တကယ်ကြီးလား..... သူငါ့ကိုနမ်းလိုက်တာပဲ မေ့လုနီးပါးဖြစ် နေတဲ့အချိန်မှ မင်းဘာလို့ ငါ့ရှေ့ပေါ်လာရတာလား 2နှစ် 2နှစ်တောင်လေကွာ ငါအဲ့လောက်အချိန်အများကြီးပေးပြီ မင်းကို ငါ့ရဲ့ အတွေးထဲ နှလုံးသားထဲ ဦးနှောက်ထဲ ကထုတ်ခဲ့ရတာ အခုတော့ ဘာမဟုတ်တဲ့ အချိန်ခဏ အတွင်းမှာ မင်းငါ့အတွေးထဲ ဝင် လာပြန်ပြီ သူမလာလောက်ဘူးထင်ပြီး သွားမိတာ ကိုက ငါ့အမှား //
အိပ်ယာပေါ်မှာ ထိုင်နေရာ ကနေ ထပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည် အရှုံးသမား ရုပ်ပေါ်နေတဲ့ ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်ကြည့်မိတော့ ကျနော် ဟာသူနဲ့ပတ်သတ်ရင် အရင်ကအတိုင်းပဲ လုံးဝ မပြောင်းလဲသေးပါလား....
//ကိုယ်ကိုကိုယ် ပြန်လိမ်ရတာ ပင်ပန်းလိုက်တာ //
ကျနော် တွေးမိတယ် လွန်ခဲ့တဲ့ ၂နှစ်လောက်ကသာ သူ့ကို ကျနော့်အချစ်တွေပေးမိရင် ကျနော် အခုလိုနာကျင်နေရပါ့မလား....
YOU ARE READING
Bad memories (Uni-Zawgyi)
Fanfictionမင်းနဲ့ပတ်သတ်ပြီးအတိတ်မှာဖြစ်ခဲ့သမျှအရာတွေကအခုအချိန်ထိငါ့အပေါ်အကျိုးသတ်ရောက်မှုရှိတုန်းပဲလို့်ပြောရင်မင်းယုံမှာလားOhSehun ဟုတ်တယ်ငါဆိုတဲ့XiaoLuhanကမာနကြီးတယ်အတ္တကြီးတယ် အရှက်ကြီးတယ်အဲလိုတွေကြောင့်မင်းကိုထိခိုက်နာကျည်စေတယ်ဆိုတာမှန်ပေမဲ့ငါတို့နှစ်ယောက...