အထိုးခံထားရတဲ့ နှုတ်ခမ်းကို လက်မနဲ့ပွတ်ရင်း Back မှန်ကို ကြည့်လိုက်တယ် ငူငူငိုင်ငိုင်နဲ့ ရပ်ကျန်ခဲ့တဲ့ Luhan ကိုကြည့်ရင် ကျနော် ကျေကျေနပ်နပ်ပြုံးလိုက်တယ်
//ဒါအစပဲရှိသေးတာ မင်းငါ့ကိုအများကြီးပေးဆပ်ရဦးမှာ//
*Ring* *Ring*
"ပြော"
"မင်း Luhan ကို ဘာသွားလုပ်ပြန်ပြီလည်း "
"Tsk! မင်းဘယ်ကကြားလာပြန်ပြီလည်း Chanyeol "
"ငါ့ကို Anna phone ဆက်ပြောတယ် မင်းနဲ့လည်း ပျက်ပြီတဲ့ "
"အဲ့ကောင်မ ေxာက်ပေါက်ကတော့ ပိတ်ပေးမှရတော့မယ်"
"Sehun မင်း နောက်ထပ် ဇာတ်လမ်းထပ်မစပါနဲ့တော့ကွာ သူလည်းသူ့ဘဝနဲ့သူ ရှိစေပါတော့"
"မရဘူး သူငါ့ကို ကတိပေးထားတယ် ဟုတ်တယ် သူငါ့ဘက်က အမြဲရှိမယ်လို့ ငါ့ကိုကတိပေးခဲ့တယ် ဒါပေမဲ့ အခုကျတော့ ငါ့ဘက်ကရှိဖို့နေနေသာသာ ငါ့ကိုတောင်မမြင်ချင်တော့ဘူးတဲ့ ကတိတောင်ဖျက်သွားသေးတယ် ဟဟ ရယ်ရတယ် "
Sehun နာကျည်းစွာ ရယ်လိုက်သည်
"အဲ့တုန်းက မင်းကို သူက သူငယ်ချင်းတစ်ယောက်အနေနဲ့ပြောခဲ့တာလေ မင်းလည်းသူ့အပေါ်ကို ရက်ရက်စက်စက် ဆက်ဆံခဲ့တာပဲ"
"တော်စမ်းပါကွာ မင်း ဒါပဲပြောမှာမလား ငါဖုန်းချလိုက်တော့မယ် "
"ဟာ Sehun ဟျောင့် "
*တီ*
Chanyeol စကားမဆုံးခင်မှာပဲကျနော် ဖုန်းချလိုက်တယ်
တော်သေးတာပေါ့ ကျနော် ဘယ်လောက်ဆိုးဆိုး ကျနော့်ကို ဆုံးမသွန်သင်ပေးမဲ့ သူငယ်ချင်းအရင်းကြီး တစ်ယောက်လောက်ကျန်သေးလို့........................ ~ ...........................
*Ring* *Ring*
"Hello Luhan ပြော"
"Baekhyun ငါ ့ကို သူလာတွေ့သွားတယ် "
"ဘယ်သူလည်း "
"Se sehun "
ကျနော် ဖြစ်ခဲ့သမျှကိစ္စအားလုံးကို baek ကိုပြောပြလိုက်တယ်
"ဘာ သူမင်းကိုအဲ့လို လုပ်သွားတယ်ဟုတ်လား အခုမင်းဘယ်မှာလည်း ငါလာတွေ့မယ် "
YOU ARE READING
Bad memories (Uni-Zawgyi)
Fanfictionမင်းနဲ့ပတ်သတ်ပြီးအတိတ်မှာဖြစ်ခဲ့သမျှအရာတွေကအခုအချိန်ထိငါ့အပေါ်အကျိုးသတ်ရောက်မှုရှိတုန်းပဲလို့်ပြောရင်မင်းယုံမှာလားOhSehun ဟုတ်တယ်ငါဆိုတဲ့XiaoLuhanကမာနကြီးတယ်အတ္တကြီးတယ် အရှက်ကြီးတယ်အဲလိုတွေကြောင့်မင်းကိုထိခိုက်နာကျည်စေတယ်ဆိုတာမှန်ပေမဲ့ငါတို့နှစ်ယောက...