We meet again (Unicode)

131 4 2
                                    

အသားကင်နံ့တထောင်းထောင်းထနေလျက် ဆိုဂျူ များ အစားအသောက်များဖြင့် ပြည့်နေသော စားပွဲလေးတွင် လူငယ်‌ေလးများရဲ့ ရယ်မောသံများ ပြန့်လွင့်နေသည်

*yayy*

"ငါ့ကောင်ကြီး minho မတွေ့ရတာတောင် တော်တော်ကြာပြီကွာ "

"အေးကွာ မင်းတို့နဲ့တွေ့ရတာ ငါ အရမ်းပျော်တာပဲ ဒါနဲ့နေပါဦး ငါနဲ့Sooပဲရောက်သေးတာလား ကျန်တဲ့ကောင်တွေရောမလာသေးဘူးလား"

"လာမှာပေါ့ kai ရာ နေပါဦးဟ အခုမှ အစောကြီးရှိသေးတာကို "

"အချိန်ကစောနေပေမဲ့ လက် မစောတဲ့လူရှိလို့ပြောတာဟေ့ ဒီမှာကင်ထားတဲ့ အသားတွေ က ပင်ကွင်းပါးစပ်ထဲရောက်ကုန်ပြီ"

"မင်း... ငါရန်မဖြစ်ချင်ဘူးနော် kai "

"Okok peace kyungsoo ya "

"ဒါနဲ့ Happy birthday နော် Minho ya "

" ဟဟ အပြောနဲ့မရဘူးလေ ဘယ်မှာလည်း လက်ဆောင် "

"ပါပါတယ်ကွာ ရော့ ဒီမှာ ငါတို့နှစ်ယောက် ရဲ့လက်ဆောင် "

" နှစ်ယောက်ပေါင်းမှ တစ်ခုလားကွ အင်း ထားပါတော့လေ ဒီနှစ်မင်းပေးတဲ့ လက်ဆောင်ရတာပဲ ငါကံကောင်းတယ်လို့်မှတ်ပါ့မယ်"

" အရမ်းကြီးလည်း ကံကောင်းတယ်လို့ မတွေးပါနဲ့ တကယ်တမ်းက ငါလက်ဆောင်မပါလာဘူး အိမ်မှာမေ့ခဲ့တာ ဒါက kyung soo လက်ဆောင် ဟဲဟဲ"

"ကောင်းရော "

" ဒါနဲ့ minho ya ငါတို့အသားထပ်မှာမှနဲ့တူတယ်
ဒီမှာ စကားမပြောပဲ ကြိတ်နေတာ တော်တော် ကြာပြီ"

"Cool သဘောတူတယ်"

"ဟော ဟိုမှာ ဟိုနှစ်ယောက်တောင်ရောက်လာပြီ ဒီမှာ ဒီမှာ ဒီဘက်ဝိုင်းမှာ "

"အာ ဟိုမှာ minhoတို့ ပဲ လာ သွားရအောင် "

"Baek ဖြေးဖြေးဆွဲပါကွ ငါလည်းမြင်ပါတယ် "

"မင်းတို့က စားတောင်စားနေပြီလား ငါတို့ကိုတောင်မစောင့်ဘူး"

"ဟေ့ဟေ့ စားနေတာဘယ်သူလည်း ဆိုတာ ကြည့်ပြီးမှပြော "

"ဟဟ soo မင်းဟာလေ ငါတို့ိကိုတောင်မစောင့်နိုင်ရအောင် ဗိုက်ဆာ နေသလား"

Bad memories (Uni-Zawgyi)Where stories live. Discover now