"မင်းနဲ့ငါက ဘာမှမဆိုင်တာ "
"ဘာ"
"မင်းနဲ့ငါက ဘာသက်ဆိုင်မှုမှမရှိဘူး ။ မင်းငါ့ကို ဒီလိုလိုက် သဝန်တိုနေရအောင် မင်းကငါ့ရဲ့ ရည်းစားလည်းမဟုတ်ဘူး "
"Oh Sehun"
ကျနော့်မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေရစ်ဝိုင်းလာတယ်။ ဒါပေမဲ့မျက်ရည်တော့မကျ။ ကျနော့်ကို သူငယ်ချင်းတွေရှေ့မှာ ပြောချင်ရာပြောပြီး ထွက်သွားတဲ့ Oh Sehun ကို ဒေါသတကြီးနဲ့ လှမ်းခေါ်ခဲ့တယ်
"Oh Sehun မင်းပြန်လာခဲ့ Oh Sehun "
သူကတော့ ကျနော့်ကို တစ်ချက်တောင်လှည့်မကြည့်ခဲ့ပေ။
*တီ တီ တီ *
Alarm သံကြောင့် အိပ်ရာကနေ ကျနော်အလန့်တကြားနိုးလာခဲ့တယ်
နောက်မှကျနော် နားလည်လိုက်တာက ဒါကအိမ်မက်တစ်ခုပါလားဆိုတာ။အိမ်မက်ဆိုတာထက် အရင်ကဖြစ်ပျက်ခဲ့တာကို အိမ်မက်အဖြစ်ပြန်မြင်ယောင်တယ်ပဲ ဆိုရမလား...
ငယ်ငယ်က နှလုံးအားနည်းတဲ့ရောဂါအခံရှိပေမဲ့
ကျနော်က သူများကလေးတွေလို ပြေးလွှားဆော့ကစားလို့ရတယ်။ ဒါပေမဲ့ အရမ်းကြီး မနားပဲဆက်တိုက်ပြေးတာတို့ Stress ပိတာတို့ ရုတ်တရပ် အရမ်းလန့်သွားတာတို့ဆိုရင်တော့ နှလုံးကသိပ်မခံနိုင်ဘူး။ အခုလို အိမ်မက်ဆိုးတွေကလန့်နိုးလာရင်လည်း တစ်နေ့လုံးနှလုံးက အောင့်နေရော ရှေ့ရက်တွေမှာလည်း အလန့်တကြားဖြစ်ရမဲ့ကိစ္စတွေနဲ့ကြုံထားရတော့ နှလုံးက နည်းနညအောင့်ချင်ချင် အခုတောါအရမ်းခုန်နေတဲ့ နှလုံးကို အသာဖိရင်း ၅မိနစ်လောက် ငြိမ်ငြိမ် ထိုင်နေလိုက်ရတယ်။ သက်သာသွားတော့မှာ ကျောင်းသွားဖို့ပြင်ဆင်ရတော့တယ်
" Xiao Lu သားလေးရေ မား မနက်စာပြင်ထားပြီးပြီ
ကျောင်းသွားဖို့ နောက်ကျနေပြီ မြန်မြန်ဆင်းလာခဲ့တော့ ""ဟုတ် လာပြီမား "
ကျောင်းနောက်ကျနေပြီဆိုတော့ အလောတကြီး လှေကားပေါ်ကဆင်းလိုက်တာ ခြေချော်ပြီး ပြုတ်ကျသွားတယ်
"ဟဲ့ဟဲ့ အမလေး သားရယ် ဘယ်လိုတောင်ဆင်းလာတာလဲ "
"အားး နာလိုက်တာ "
YOU ARE READING
Bad memories (Uni-Zawgyi)
Fanfictionမင်းနဲ့ပတ်သတ်ပြီးအတိတ်မှာဖြစ်ခဲ့သမျှအရာတွေကအခုအချိန်ထိငါ့အပေါ်အကျိုးသတ်ရောက်မှုရှိတုန်းပဲလို့်ပြောရင်မင်းယုံမှာလားOhSehun ဟုတ်တယ်ငါဆိုတဲ့XiaoLuhanကမာနကြီးတယ်အတ္တကြီးတယ် အရှက်ကြီးတယ်အဲလိုတွေကြောင့်မင်းကိုထိခိုက်နာကျည်စေတယ်ဆိုတာမှန်ပေမဲ့ငါတို့နှစ်ယောက...