You caught my eyes(Unicode)

23 4 0
                                    

*တီတီတီတီ*

မြည်ဟီးနေတဲ့ alarm သံကို ပိတ်ကာ မဖွင့်ချင်သော မျက်လုံးနှစ်လုံးကို အားယူဖွင့်လိုက်သည်။ မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ကျနော့် အသိစိတ်ထဲမှာ Luhan ဆိုတဲ့ လူသားလေးနဲ့
တစ်ဖန် ပြန်တွေ့ခွင့်ရပြီ ဆိုတဲ့ အသိလေးက ကျနော့်ကို ပြုံးစေမိတယ်

" မင်း ဟာလေ ငါ့ကိုပြုစားနိုင်တဲ့ အကောင်ပေါက်လေးပဲ "

စိတ်ကြည်လင်စွာ နိုးထလာရတဲ့ မနက်ခင်းလေးမလို့
ကျနော် သီချင်းလေး ညည်းကာ အပြင်သွားဖို့ ရေမိုးချိုး ပြင်ဆင်လိုက်တယ်

" Omma ကျနော် မနက်စာ မစားတော့ဘူးနော်
ချိန်းထားတာလေးရှိလို့ "

" ဟုတ်ပြီ သား "

"သွားပြီနော် "

" အော် ဒါနဲ့ Sehun သားရေ ဒီနေ့ မင်းဦးလေးက ညနေခင်းပိုင်းလောက် သူ့ကို လာခေါ်ပေးပါလားတဲ့ Omma တို့အိမ်ကို လာဖို့ သူကားမမောင်းနိုင်လို့တဲ့ "

" ဟုတ်ပြီ Omma ကျနော် သွားခေါ်လိုက်မယ် "

"အေးအေး ဒါဆို သတိထားပြီးသွားဦးနော် "

" Nae သွားပြီနော် "

Uni မှာ project တစ်ခု တင်ပြစရာရှိတာကို ဆွေးနွေးဖို့သူငယ်ချင်းတွေနဲ့ ချိန်းထားတာ နောက်ကျနေပြီလားတောင် မသိဘူး

Breakfast မစားလာရတော့ ဗိုက်က
ဆာသယောင်ယောင်။ ကားမောင်းရင်း လမ်းတစ်လျှောက် အနီးအနားမှာ Cafe ဆိုင်တစ်ခုခုများ ရှိမလားလို့ မျက်လုံးဝေ့ရှာရင်း ရင်းနီးနေတဲ့ ခန္ဓာကိုယ် သေးသေးလေးနဲ့ ‌bus ကားဂိတ်မှာ ရပ်စောင့်နေတဲ့ကောင်လေး။

သေချာပါတယ် မင်း ဆိုတာ ။

သူ့ကိုတွေ့လိုက်ရတော့ ကျနော့ ခေါင်းထဲမှာ သူက ချက်ချင်းကြီးစိုးသွားတယ်။ သူ့ကိုပဲ စိတ်မဆိုးဆိုးအောင်စချင်‌စိတ်တွေ ပေါ်လာတယ်။

မနက်စောစောစီးစီးဆိုတော့ အေးလို့ထင်ပါရဲ့ hoodie ထူထူပွပွကြီးနဲ့။

// အကောင်ကသေးပါတယ် ဆိုမှ မင်းက ခေါင်းစွပ် ကြီးစွပ်ထားတော့ မင်းမျက်နှာသေးသေးလေးတောင် မပေါ်တော့ဘူးကွာ //

Bad memories (Uni-Zawgyi)Where stories live. Discover now