*တီ တီ တီ *
Alarm သံမြည်လာတာကြောင့် မြန်မြန်ပိတ်လိုက်ရတယ် တော်ကြာ ဘေးမှာအိပ်နေတဲ့ ကောင်လေးသေးသေးလေး နိုးသွားမှဖြင့်။
တော်ရုံဆို အလုပ်မရှိတာကြောင့် alarm မပေးတတ်ပေမဲ့ ဒီနေ့က Xiao Lu ကို Uniလိုက်ပို့ပေးရမှာကြောင့်ရော မနက်စာချက်ရမှာဆိုတော့ စောစောထရတာပေါ့
Breakfast အတွက် အိမ်မှာထွေထွေထူးထူးမရှိတာနဲ့ပဲ ပေါင်မုန့်ကိုမီးကင် ထောပတ်သုတ်ပြီး sausageနဲ့ကြက်ဥကြော်ပေးလိုက်တယ်
ကျနော့်အတွက်တော့ ကော်ဖီဖျော်ထားလိုက်ပြီး သူ့အတွက်တော့နွားနို့ပဲလုပ်ထားပေးလိုက်တယ်
မနက်စာပြင်ဆင်ပြီးပြီဆိုတော့ ကိုယ်တော်ချောလေးကို သွားနှိုးဖို့ပဲကျန်တော့တယ်
အခန်းထဲရောက်တော့ သူက ရေချိုးခန်းထဲတောင်ရောက်နေပြီ
"ဘယ်ဆိုးလို့လည်း ငယ်ငယ်ကလို နှိုးစရာမလိုတော့ဘူးပဲ"
ခဏကြာတော့ ရေချိုးခန်းထဲကနေသပတ်ပတ်ထားပြီးထွက်လာတယ်
"Ge ကျနော့်ကို အင်္ကျီလေးငှားပါဦး မနေ့က ဟာကြီးပြန်မဝတ်ချင်လို့ "
"ငှားလို့ကရတယ် Xiao Lu ရဲ့ ဒါပေမဲ့ Ge ကမတော်မှာစိုးတာ "
"တော်ပါတယ် Ge နဲ့ကျနော်နဲ့ ဘယ်လောက်မှမကွာတာကို "
"ဟဟ ဟုတ်လို့လား လာလာ အရပ်လာတိုင်းကြည့်ဦး "
ကျနော်စလိုက်တော့ မျက်စောင်းထိုးလေရဲ့။
" ရတယ် မငှားနဲ့တော့ မနေ့ကဟာပဲပြန်ဝတ်တော့မယ် "
"ဟားဟား စတာပါ Xiao Lu ရယ် Ge နဲ့မတော်တာတွေရှိတယ် အဲ့တာဆိုရင်တော့ မင်းနဲ့တော်လောက်တယ် "
ကျနော့် ဗီဒိုထဲကနေ အကျီအချို့နဲ့ဘောင်းဘီအချို့ထုတ်ပေးလိုက်တယ်
နောက် သူစိတ်ကြိုက်ရွေးနေလေရဲ့
"Xiao Lu မြန်မြန်လုပ်ပြီးထွက်ခဲ့ မနက်စာလုပ်ထားတယ် အခု Ge ရေချိုးလိုက်ဦးမယ် "
" Nae "
သူ့ကိုလိုက်ပို့ရမှာဆိုတော့ ကျနော်လည်း ရေချိုးရမှာပေါ့
YOU ARE READING
Bad memories (Uni-Zawgyi)
Fanfictionမင်းနဲ့ပတ်သတ်ပြီးအတိတ်မှာဖြစ်ခဲ့သမျှအရာတွေကအခုအချိန်ထိငါ့အပေါ်အကျိုးသတ်ရောက်မှုရှိတုန်းပဲလို့်ပြောရင်မင်းယုံမှာလားOhSehun ဟုတ်တယ်ငါဆိုတဲ့XiaoLuhanကမာနကြီးတယ်အတ္တကြီးတယ် အရှက်ကြီးတယ်အဲလိုတွေကြောင့်မင်းကိုထိခိုက်နာကျည်စေတယ်ဆိုတာမှန်ပေမဲ့ငါတို့နှစ်ယောက...