|| Zawgyi ||
အရင်က level 90 ရှိတဲ့ခေါင်းသုံးလုံးခွေးပေါ်လာပြီး ကတည်းကfinal boss ပေါ်လာတော့မယ်ဆိုတာသိတယ်။ သူခေါင်းသုံးလုံးစပါးကြီးမြွေ ကိုသွားသတ်တာမပါခဲ့ပေမဲ့ ထိုစပါးကြီးမြွေက level 95 ရှိရမည်။ နောက်ထပ်လာမှက final boss level 100 ရှိလိမ့်မည်။
" အချစ်လေးရေ တစ်ခုခုစားလိုက်အုံး ဘာတွေငေးနေတာလဲကွာ"
" ဆော့ဝဲအပြင်ကိုထွက်ပြီးရင် ဘယ်လိုနေမလဲတွေးနေတာ "
"တွေးစရာမလိုပါဘူး ကိုကိုယ်တိုင်လာရှာမှာ "
ယွင်လီ ဂျွန်ယူလာတဲ့စားစရာတွေကို စားသောက်လိုက်တယ်။ ချက်ခြင်းအဟာရတွေပြည့်သွားတယ်။ သူတို့အဖွဲ့က ယွင်လီပြင်ပေးထားတဲ့ လက်နက်တွေကိုကြည့်ပြီးအရမ်းကို ပျော်ရွှင်နေကြတယ်။ လက်နက်တွေကိုလေ့လာနေတုန်း
[ တင်းတောင် ( final boss ပေါ်ထွက်လာပါပြီ)³ ]
System ရဲ့သုံးခါတိတိပြောတဲ့ စကားကြောင့် ကစားသူအားလုံး မျက်လုံးတွေပြူးသွားကြတယ်။ သူတို့သာ boss ကိုသတ်နိုင်ရင်လက်တွေ့ လူလောကကိုပြန်ထွက်နိုင်တော့မှာ System ကနောက်ထပ်စကားကိုထပ်ပြောခဲ့တယ်။
[ တင်းတောင် final boss ကခေါင်းသုံးလုံးနဂါးပါ သူ့ကိုသတ်နိုင်ခဲ့ပါက ကစားသူတွေအပြင်လောကကို ပြန်ထွက်နိုင်မှာဖြစ်သည်။ အဓိကအချက်ရှိပါတယ်။ final boss ကိုသတ်ဖို့အချိန်အကတ်အသန့်ရှိပါတယ်။ အချိန် နာရီတစ်ဝက် မိနစ်သုံးဆယ်အတွင်းတိုက်ရမှာဖြစ်ပါတယ်။ အကယ်၍ မသတ်နိုင်ပါက နောက်ထပ်boss ပေါ်ထွက်လာမဲ့အချိန်ကိုစောင့်ရမှာပါ။ ရရှိမဲ့ဆုလာဒ်က အားလုံးအပြင်ကိုထွက်နိုင်မှာပါ။ ကံကောင်းပါစေ ]
အားလုံးမျက်နှာပျက်သွားတယ်။ ရိုးရိုးသားရဲတစ်ကောင်ကိုတောင် သတ်ဖို့အချိန်တစ်နာရီနီးပါးတောင်ကြာတာ အခုlevel 100 သားရဲboss ကိုမိနစ်သုံးဆယ်အတွင်းသတ်ရမှာ မဖြစ်နိုင်တာကြီးပင်။ သူတို့အားလုံးfinal boss ပေါ်ထွက်လာတဲ့နေရာကိုသွားကြတယ်။ တစ်ချို့လူတွေဝင်တိုက်ပေမဲ့ အသက်တွေသာဆုံးသွားကြတယ်။ ခေါင်းသုံးလုံးနဂါးကအရမ်းကိုကြီးမားပြီး ပါးစပ်နှစ်ခုက မီး၊ရေကိုမှုတ်ထုတ်ပြီး တစ်ဖက်ကလူတွေကိုလိုက်ကိုက်တယ်။
YOU ARE READING
Last Wish System (Arc.....)
Fantasy|| Zaw & Uni || 21 ရာစုမှသူခိုးအဖွဲ့ဝင် Hacker ကောင်လေးတစ်ယောက်က တစ်နေ့ Hack ရင်းနဲ့ လျှပ်စစ်လျော့ဖြစ်ပြီး system ထဲရောက်သွားခဲ့သည်။ သူကsystem နဲ့ဘဝပေါင်းများစွာ Villian လုပ်လာခဲ့ရပြီး အလိမ်ခံရသလိုတွေးမိလာပြီး ဟက်ကာစကေးနဲ့ system ကိုပြန်လည်ဟက်ရင်း...