|| Unicode ||
" ကိုယ် ယွင်လေးကိုမွေ့ယာဝယ်ပေးဖို့ မေ့နေတာ ကိုကိုတို့နဲ့လာအိပ်ပါလား "
ဒါတကယ် ကြောက်စရာကြီးပဲ့ ယွင်လီမလိုက်ချင်ဘူး။ ဒါမဲ့လိုက်သွားရင်ကောင်းမဲ့အချက်တွေ အများကြီးပဲ့။ အန်းယွီ သွေးအန်လောက်အောင် မနာလိုဖြစ်လိမ့်မယ်။ သူလည်းအိပ်ယာမရှိတဲ့ ကုတင်မှာမအိပ်နိုင်ဘူး။ နောက်ပြီးကောရှီနဲ့ ထန်းရှီတို့ဆီကနေ သူ့ချစ်သူရဲအငွေ့ အသက်လေးတွေရတယ်လေ။
" အွန်း...လိုက်လာမယ်လေ အရင်အဝတ်တွေဝတ်အုံးမယ်... "
ကောရှီက အင်းလို့ပြောပြီးတံခါးကိုမျက်နှာမှုကာ ထွက်သွားသည်။ ယွင်လီလည်း ကောရှီ အတည်ထွက်သွားပြီ အထင်နဲ့သပတ်လေး ချွတ်ပြီးအဝတ်တွေရှာတော့တယ်။ သူ့ရဲ့ခါးကိုလာထိတဲ့ အနွေးဓာတ်ရှိနေတဲ့ လက်တစ်ဖက်ကြောင့် လန့်သွားပြီး လက်သီးသေးသေးလေးနဲ့ နီးနေရာထိုးလိုက်တော့သည်။
လက်ကအကျင့်ဖြစ်နေတဲအတိုင်း တစ်ဖက်လူကိုထိုးလိုက်ပြီးမှ" ကော....ကောကိုကို ကိုကိုထွက်သွားပြီထင်နေတာ အရမ်းနာသွားလား "
ဘယ်သူထင်မလဲ ကောရှီ နှာခေါင်းကနေသွေးတွေထွက်လာမယ်ဆိုတာ။
" အား...အဆိုးလေး ကြမ်းလိုက်တာကွာ။ ကိုယ်က ဒီတိုင်းခါးလေး.... အားရား "
ယွင်လီ အတွင်းခံဘောင်းဘီလေး ကောက်စွပ်သွင်းရင်းနဲ့
" ကောကိုကိုကသာ ယွင်လီကိုလန့်အောင် လုပ်တာလေ "
" ဟုတ်ပါပြီ ကိုယ်တောင်းပန်ပါတယ်နော် ဆက်ဝတ်...ဆက်ဝတ် "
ကောရှီ နှာခေါင်းသွေးလျှံသွားတာကို ယွင်လီစိတ်မကောင်းဖြစ်မိသွားတယ်။ ေကာရှီက 614 စကားအရဆို သူ့ချစ်သူဖြစ်နိုင်ချေများတယ်လေ။
ယွင်လီ စိတ်မကောင်းဖြစ်နေပေမဲ့ ကောရှီ ကတော့သူဘာကြောင့် နှာခေါင်းသွေးလျှံတာလဲဆိုတာ သူကိုယ်တိုင်သာသိသည်လေ။
ကိုယ့်ညီလေးတစ်ယောက်လို သဘောထားတဲ့ကလေးတစ်ယောက်ကို မကောင်းတဲ့စိတ်တွေဝင်နေမိတာပဲ့။ ယွင်လီ အဝတ်လဲပြီးတာနဲ့ ကောရှီ နဲ့အတူတစ်ဖက်လူရဲ့ အိပ်ခန်းကိုလိုက်ခဲ့တယ်။
KAMU SEDANG MEMBACA
Last Wish System (Arc.....)
Fantasi|| Zaw & Uni || 21 ရာစုမှသူခိုးအဖွဲ့ဝင် Hacker ကောင်လေးတစ်ယောက်က တစ်နေ့ Hack ရင်းနဲ့ လျှပ်စစ်လျော့ဖြစ်ပြီး system ထဲရောက်သွားခဲ့သည်။ သူကsystem နဲ့ဘဝပေါင်းများစွာ Villian လုပ်လာခဲ့ရပြီး အလိမ်ခံရသလိုတွေးမိလာပြီး ဟက်ကာစကေးနဲ့ system ကိုပြန်လည်ဟက်ရင်း...