( 1.7 )

5.7K 719 13
                                    

|| Zawgyi ||

" အဲ့ဒါကြောင့် ဒူးထောက်ပြီးအရင်တောင်းပန်ကြ ဒါဆိုငါက သက်ညှာပြီးအပြစ်နည်းအောင် တိုင်ချက်ဖွင့်ပေးမယ်လေ"

ကုမင်းကသူတို့စကားနဲ့ ပြန်ပက်လိုက်တယ်။ ယွင်လီကသူတောင်ဘာမှမပြောရဘဲ ကုမင်း သာဦးဆောင်ဖြေရှင်းပေးတာမို့ ကျေနပ်နေပြီးမသိစိတ်ကနေ ကုမင်းကိုဘဲ့အားကိုးနေမိတယ်။ သူကုမင်းနဲ့အတူရှိနေရင်လည်း အရင်တုန်းကရှိခဲ့ဖူးသလို ရင်းနှီးနေပြီးလုံခြုံတဲ့ ခံစားချက်ကိုရတာမို့ ကုမင်းကိုသာယုံကြည်သည်။

"ကျွန်မ...ကျွန်မတို့ "

ကျောင်းသားမိဘတွေက မခံနိုင်ဖြစ်နေပေမဲ့ ကုမင်းကိုပြန်မပြောရဲကြပေ။ ပြောရင်သူမတို့ရဲ့ လုပ်ငန်းငယ်လေးတွေအမှုန့် ဖြစ်သွားမှာကိုကြောက်ရတယ်မလား ။ ကျောင်းအုပ်ကြီးကမိဘတွေ မျက်နှာပျက်နေတာကြောင့် ဝင်ဖြန်ဖြေဖို့အတွက်

" ဟို..ကျန်းသခင်လေး...."

ကုမင်းကကျောင်းအုပ်ကြီးကို အေးစက်စက်ကြည့်ပြီး

" အိုး...ထိပ်ပြောင်အဖိုးကြီး ခင်ဗျားနောက်ငါးမိနစ်အထိ ကျောင်းမှာရှိနေတုန်းဆို ကျွန်တော့ကိုအဆိုးမဆိုနဲ့တော့နော်"

ယွင်လီ ကုမင်းခေါ်လိုက်တဲ့ ထိပ်ပြောင်အဖိုးကြီး ဆိုတဲ့အခေါ်ကြောင့် ရယ်ချင်သွားသည်။ ကျောင်းအုပ်ကြီးက သူဒီအလုပ်ကိုဆုံးရှုံးသွားပြီ ဆိုတာသိတာမို့ စိတ်ဓာတ်ကျသွားတော့တယ်။ ဒါမဲ့သူဒီနေရာမှာ အချိန်အနည်းငယ်ထပ်ရှိနေလို့ မဖြစ်ချေ မဟုတ်ရင် သူအလုပ်အပြင်အသက်ပါ ဆုံးရှုံးရမယ်ဆိုတာသိနေတာကြောင့် အမြန်ထွက်ပြေးသွားတော့တယ်။

" ငါတို့တောင်းပန်ပါတယ် "

ကျောင်းသားတစ်ယောက်က ဝင်ပြောသည်။ ဒါမဲ့ကုမင်းက မကျေနပ်တဲ့အသံနဲ့

"ဟွန့်...နင်လေသံမာနေနိုင်တုန်းဘဲ့လား...ငါတောင်းပန်ခိုင်းတာ ဆိုဖာမှာအခန့်သားထိုင်ပြီး မဟုတ်ဘူးကြမ်းပြင်မှာ ဒူးထောက်ပြီး ပြီးတော့မင်းတစ်ယောက်ထဲမဟုတ်ဘူး အားလုံးကိုပြောတာ "

မိဘတွေရောမျက်နှာပျက်သွားပေမဲ့ မတတ်နိုင်ကြချေ။ ဒူးထောက်ပြီးတောင်းပန်ရင်တော့ ထောင်မချအောင်တောင်းပန်နိုင်သေးတယ်မလား။ ဒါကြောင့်ချင်းဟိုင်တို့အပါအဝင် ဒူးထောက်ပြီးတောင်းပန်ကြတယ်။ လူကြီးတွေက

Last Wish System (Arc.....)Donde viven las historias. Descúbrelo ahora