|| Zawgyi ||
ယွင်လီ မသိစိတ်အရ ကိုယ့်ကိုကိုယ်သတိကြီးကြီးထားလိုက်ပြီး အနီးကလူများတဲ့ စားသောက်ဆိုင်အထဲ စကေး ကိုဆွဲရင်းဝင်လိုက်တယ်။ စကေးကဘုမသိဘမသိနဲ့ ပါလာပြီးမှ
" တွန်နီ ဘာဖြစ်လို့လဲ...ဘယ်သူလိုက်လာတာလဲ"
"မသိဘူး စကေး မင်းတစ်ခုခုပြသနာဖြစ်သေးလား"
** မဖြစ်နိုင်ဘူး။စကေးက လူရိုးတစ်ယောက်ဘဲ့ သူကပြသနာမရှာတတ်ဘူး။ ဒါဆိုအခုငါ့နောက်ကိုလိုက်နေတာလား**
ထင်တဲ့အတိုင်းဘဲ့ စကေးကသူဘယ်သူနဲ့မှ ပြသနာမဖြစ်ဘူးလို့ပြောတယ်။ ယွင်လီ စကေးကိုအိမ်ကိုအမြန်ပြန်ဖို့ပြောတယ်။ သူတို့လမ်းခွဲသွားကြမယ်လို့ ဆုံးဖြတ်ပြီးအိမ်ကိုပြန်တဲ့ လမ်းများစွာထဲက တစ်ယောက်တစ်လမ်း ရွေးပြီးပြန်လိုက်ကြတယ်။
" သေချာတယ်...ငါ့နောက်လိုက်နေတာ..614.... 614 ဟူး...."
ယွင်လီ လူပြတ်တဲ့နေရာကိုရောက်လာတယ်။ သူတို့ကဘုရင်နေတဲ့ နန်းတော်မှာနေကြတာဆိုတော့။ ဒီလမ်းမှာပြည်သူတွေမရှိဘူး။ တစ်ချို့ကင်းစောင့်တွေဘဲ့ဖြတ်သွားကြတာ။ သူ့အနောက်ကအေးစက်လာပြီး နားထဲကအသံတစ်သံကိုကြားလိုက်ရတယ်။
" တင်း...Host "
ယွင်လီ သေလောက်အောင်လန့်သွားပြီး ငေါက်လိုက်သည်။
" 614 ဘာလို့ပြတ်သွားတာလဲ...ငါခေါ်နေတဲ့အချိန်မှာတော့ ပေါ်မလာလဲ "
"Sorry Host ကြားဝင်နှောက်ယှက်မှုတွေရှိနေလို့ပါ...တင်း...တင်း...."
" ဟေး ထပ်ပြီးမဖြစ်ခင် ငါမေးခဲ့တဲ့မေးခွန်းဖြေခဲ့ ၁၂ နာရီပြည့်ပြီလေ"
"တင်း...ဟုတ်ကဲ့....သူက မကောင်းဆိုးဝါးဘုရင်ရဲ့ လက်ထောက် ဇစ်ဇ် ပါ... သူက...တင်း...တင့်...တင့်...."
614 ဆုံးအောင်မပြောရသေးခင် လိုင်းထပ်ပြတ်သွားတော့တယ်။ ဒါမဲ့614ကတကယ့်အချက်ကြီးကို ပြောသွားခဲ့တယ်။
" fu*k..... ဟေးလီရဲ့ မကောင်းဆိုးဝါးတွဲဖက်က ဇစ်ဇ်မဟုတ်လား...."
" တံမန်တော်လေး "
".....!!!!....."
ခပ်ဩဩအသံကြောင့် အမြန်သွားနေတဲ့ ယွင်လီခြေထောက်တွေ ခေါက်လိမ်မိသွားပြီး လဲကျမလို့ဖြစ်သွားသည်။ ဒါမဲ့လဲတောင်မကျရသေးဘဲ မကောင်းဆိုးဝါးအငွေ့အသက်တွေနဲ့ နွေးထွေးတဲ့အငွေ့အသက်တွေ ရောနေတဲ့ရင်ခွင်အတွင်း ဆွဲသွင်းခံလိုက်ရသည်။
ВЫ ЧИТАЕТЕ
Last Wish System (Arc.....)
Фэнтези|| Zaw & Uni || 21 ရာစုမှသူခိုးအဖွဲ့ဝင် Hacker ကောင်လေးတစ်ယောက်က တစ်နေ့ Hack ရင်းနဲ့ လျှပ်စစ်လျော့ဖြစ်ပြီး system ထဲရောက်သွားခဲ့သည်။ သူကsystem နဲ့ဘဝပေါင်းများစွာ Villian လုပ်လာခဲ့ရပြီး အလိမ်ခံရသလိုတွေးမိလာပြီး ဟက်ကာစကေးနဲ့ system ကိုပြန်လည်ဟက်ရင်း...