|| Zawgyi ||
" ငါဒီရောက်နေတာ တစ်ပတ်ပြည့်ပြီ ငါ့မှာစွမ်းအားတွေပြည့်နေသလို့ပဲ့..."
ယွင်လီ ပြောရင်းနဘေးကစက်တော်ခေါ်နေတဲ့ မကောင်းဆိုးဝါးလက်ထောက် ဇစ်ဇ်ကိုမျက်စောင်းထိုးကြည့်လိုက်သည်။ ထို့နောက်ငယ်ငယ်ကတည်းက အဖိုးကြီးသင်ပေးတဲ့ နတ်ဘုရားကိုအကြောင်းကြားနိုင်မဲ့ ဂါထာကိုရွတ်ကြည့်လိုက်တယ်။
ရွတ်လိုက်တာနဲ့ စိတ်ထဲမှာရွှေရောင်အလင်းတွေ ဖျာထွက်သွားပြီး ပတ်ဝန်းကျင်ကိုမမြင်ရတော့ဘူး။ ဤအချိန်မှာ ပဲ့တင်သံပါနေတဲ့ ခပ်ဩဩအသံထွက်လာခဲ့တယ်။
" ကိုယ်တော်ကိုဆင့်ခေါ်နိုင်တဲ့ မင်းလေးကဘယ်ကအလှလေးလဲ "
" ဖာ့ခ် "
ယွင်လီ သူဂါထာများရွတ်မိလိုက်လားလို့ ပြန်တွေးနေလိုက်သည်။ နတ်ဘုရားကမြင့်မြတ်တဲ့သူပဲ့လေ ဒီလိုပြောမှာလား။ ဒါကြောင့်နတ်ဘုရားတော့မဖြစ်နိုင်ဘူး။ ယွင်လီ ဘောက်ဆက်ဆက်နဲ့ ပြန်ပြောလိုက်တယ်။
" ခင်ဗျားဘယ်သူလဲ "
"အိုး...မင်းလေးကအခုဘယ်သူ့ကို ဆင့်ခေါ်နေတာလဲ ကိုယ်တိုင်အသိဆုံးပေါ့ကွာ "
" ခင်ဗျားက နတ်ဘုရားလား"
ယွင်လီ ပါးစပ်အဟောင်းသားနဲ့ ပြန်မေးလိုက်မိတယ်။ ထိုမေးစကားပြီးတာနဲ့ ရင်းနှီးနေတဲ့အသံက နားစည်ထဲပြန့်လွင့်လာခဲ့သည်။
"ဟုတ်တယ်!"
ယွင်လီ လန့်ဖြတ်သွားပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်။ သူ့ကိုပြုံးကြည့်နေတဲ့ ဇစ်ဇ်ကြောင့်ပြာယာခက်သွားသည်။
" ဇစ်ဇ်ခင်ဗျားက...."
" ဟုတ်တယ် မင်းလေးကိုယ့်ကိုဆင့်ခေါ်လိုက်တော့ ကိုယ်အိပ်ရာကနေနိုးလာတာလေ နိုးလာတာနဲ့ဗိုက်ဆာတော့တာပဲ့ တခုခုစားရအောင်လေ "
ယွင်လီ ရူးကြောင်မူးကြောင်ဖြစ်နေတုန်း သူ့ရဲ့ခါးကိုမြွေတစ်ကောင်ရစ်ပတ်လိုက်သလို တင်းကျပ်သွားတာကိုခံစားမိလိုက်တယ်။
" ဇစ်ဇ် ခင်ဗျားတကယ်ကြီးနတ်ဘုရားလား....ဖာ့ခ် ချီးပေကြီးအစောကတည်းကမပြောဘူး။ ခင်ဗျားက နတ်ဘုရားဆိုဘာလို့ကျင့်ကြံနေရအုံးမလဲ နဘေးမှာရှိနေတာပဲ့ မေးလိုက်လို့ရပြီလေ...ဖယ်စမ်း "
YOU ARE READING
Last Wish System (Arc.....)
Fantasy|| Zaw & Uni || 21 ရာစုမှသူခိုးအဖွဲ့ဝင် Hacker ကောင်လေးတစ်ယောက်က တစ်နေ့ Hack ရင်းနဲ့ လျှပ်စစ်လျော့ဖြစ်ပြီး system ထဲရောက်သွားခဲ့သည်။ သူကsystem နဲ့ဘဝပေါင်းများစွာ Villian လုပ်လာခဲ့ရပြီး အလိမ်ခံရသလိုတွေးမိလာပြီး ဟက်ကာစကေးနဲ့ system ကိုပြန်လည်ဟက်ရင်း...