|| Zawgyi ||
ယွင်လီ အခုရောက်နေတဲ့ ကျမ်းစာကြည့်တိုက်ကို လှည့်ပတ်ကြည့်လိုက်ပြန်တယ်။ ထို့နောက်သူ့ရဲ့အရှေ့က ကျမ်းစာကိုငုံ့ကြည့်လိုက်တယ်။ အိုး...အဲ့ဒီကျမ်းစာက ခရိ လဲသွားတဲ့ကျမ်းစာအတုဘဲ့။ အချိန်တွေကအရမ်းကိုလွန်နေပြီဘဲ့။
" ဒါဆိုဒီ တွန်နီ က ဟေးလီကိုမကောင်းတဲ့ပုံရိပ်တွေနဲ့ ပြန်တိုက်ပြီးသွားပြီဘဲ့ အားလုံးဘယ်လိုမြင်နေမလဲတော့ မတွေးဘဲနဲ့တောင်သိနေတယ်။ "
ယွင်လီ သူလုပ်ရမဲ့အကြောင်းအရာတွေကို တွေးနေတုန်း တံခါးဖွင့်သံနဲ့အတူ အဖြူ ရောင်ဝတ်စုံနဲ့ ကောင်လေးတစ်ယောက်အလောတကြီးဝင်လာခဲ့တယ်။ သူကသိပ်မကျယ်လှတဲ့အသံနဲ့ တွန်နီ(ယွင်လီ)အနားမရောက်ခင်ကနေပြီး အော်ပြောခဲ့တယ်။
" တွန်နီ ငါအခုထူးဆန်းတာတစ်ခုတွေ့ခဲ့တယ် "
ယွင်လီ ထိုကောင်လေးက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း စကေးဆိုတာသိလိုက်တယ်။ သူကတွန်နီရဲ့ပုံစုံအတိုင်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကာ
" ဘာဖြစ်လာတာလဲ"
"ဟူး...ငါလေ မထင်မှတ်ထားဘဲ အဖိုးမင်းကိုပေးထားတဲ့ လျှိ့ဝှက်ကျမ်းစာနဲ့တူတဲ့ ကျမ်းစာပေလိပ်ကို ဟေးလီ ဖတ်နေတာတွေ့တယ်။"
ယွင်လီ ထင်နေတဲအတိုင်းဘဲ့ စကေးကဒီစကားကိုဘဲ့ပြောခဲ့တယ်။ ယွင်လီကဒေါသထွက်သွားတဲ့ပုံလုပ်လိုက်ပေမဲ့ သူက အရင်တွန်နီလို စိတ်လိုက်မန်ပါလုပ်တတ်တဲ့သူမဟုတ်ဘူး။ ဒါကြောင့်စိတ်ကိုလျှော့လိုက်တဲ့ ပုံဖမ်းလိုက်ကာ
" ငါသိတယ် "
"ဘာမင်းသိတယ်လား...ဒါဆိုဘာလို့သွားမပြောတာလဲ အဲ့ဒီကောင်သူခိုးကျင့်၊သူခိုးအကြံနဲ့ "
"စိတ်မပူနဲ့ အဖိုးဆီသွားရအောင်"
ယွင်လီ အဖိုးကိုဘဲ့သွားပြောမလို့ ဆုံးဖြတ်လိုက်တယ်။ အခုအချိန်မှာဟေးလီက ခရိနဲ့အတူပြည်သူတွေကြား မျက်နှာလုပ်ပြနေမှာပေါ့။ သူသာသွားပြီး အရင်တွန်နီလိုသွားပြောမယ်ဆိုရင် ကျိန်းသေပေါက်ပြည်သူတွေဆီကနေ နောက်ထပ်အမြင်ဆိုးဘဲ့ရမှာလေ။
YOU ARE READING
Last Wish System (Arc.....)
Fantasy|| Zaw & Uni || 21 ရာစုမှသူခိုးအဖွဲ့ဝင် Hacker ကောင်လေးတစ်ယောက်က တစ်နေ့ Hack ရင်းနဲ့ လျှပ်စစ်လျော့ဖြစ်ပြီး system ထဲရောက်သွားခဲ့သည်။ သူကsystem နဲ့ဘဝပေါင်းများစွာ Villian လုပ်လာခဲ့ရပြီး အလိမ်ခံရသလိုတွေးမိလာပြီး ဟက်ကာစကေးနဲ့ system ကိုပြန်လည်ဟက်ရင်း...