တစ်ခါသာအသုံးဝင်သောအရာမဖြစ်ပါရစေနဲ့

541 51 7
                                    


If you are happy

တစ်ယောက်တည်းလမ်းလျှောက်လာရင်း၊ ညနေဆည်းဆာချိန်ဟာအထီးကျန်နေခဲ့သည်။ ကော်ဖီဆိုင်လေးတစ်ခုထဲမှာကော်ဖီဝင်‌သောက်ရန်ဆုံးဖြတ်လိုက်သည်။ ကျွန်တော်အထီးကျန်တယ်လို့ခံစားရ‌တိုင်းကော်ဖီသောက်လေ့ရှိပါတယ်၊ ဘယ်သူသတိထားမိမှာလည်းနော်၊ ကျွန်တော့်အကြောင်းကို။ တစ်ယောက်တည်းသမားလေ၊ဂရုစိုက်မယ့်သူမရှိလည်းကိုယ့်ကိုကိုယ်ဂရုစိုက်တာမို့ အဆင်ပြေပါတယ်။

မျက်စိရှေ့ကိုပိုက်ဆံရှင်းပြီးသား ပူပူနွေးနွေးတစ်ခါသုံးကော်ဖီခွက်လေးရောက်လာသည်။ ကော်ဖီခွက်လေးရေ ငါလည်းသူတို့အတွက်တစ်ခါပဲအသုံးဝင်တဲ့အနှောက်အယှက်များဖြစ်ခဲ့သလားနော်။
မတွေ့ဖြစ်တဲ့5နှစ်လုံးနှစ်ယောက်လုံးလုံးကိုသတိရနေခဲ့တာပါ။

"Hobi!"

အဲ့အသံကိုကျွန်တော်မှတ်မိတာပေါ့၊ ကျွန်တော့်ရဲ့အချစ်ရဆုံးသူငယ်ချင်းNamjoonဆိုတဲ့ကံအကောင်းဆုံးလူသားပါ။
ကျွန်တော်နှလုံးသွေးတွေရပ်တန့်သွားလောက်အောင်နာကျင်ပေမယ့်၊ ခါတိုင်းလို ပြုံးနေကျ ခပ်နွေးနွေးအပြုံးနှင့်သူတို့နှစ်‌ယောက်ကိုကြိုဆိုလိုက်သည်။ ဘယ်လောက်နာကျင်ရလည်းသိကျလား၊ ကျွန်တော်အသက်နဲ့ထပ်တူချစ်ရတဲ့Hyungရဲ့ခါးသိမ်သိမ်လေးကိုNamjoonကအားရပါးရသိမ်းကျုံးဖက်ထားတာ။ စူးနစ်‌နေအောင်နာကျင်နေသောရင်ဘက်ကိုလစ်လျှူရှူပြီး ကျွန်တော်ဆီအေးချမ်းစွာလျှောက်လာသောသူတို့ကိုအပြုံးမပျက်ကြည့်နေမိပါသည်။ အရင်ပါပဲ Hyungကလှနေတုန်းပါပဲ။ Namjoonရဲ့ပါးပေါ်ကHyungကြိုက်တဲ့ပါးချိုင့်ကြီးတွေကလည်းအရင်ကလိုနစ်ဝင်နေတုန်းပါပဲ။

"Hobiမင်းဘယ်တုန်းကပြန်ရောက်နေတာလည်း၊"

"ခုဏကမှပါ"
အပြုံးနေတဲ့ကျွန်တော့်မျက်နှာဟာမြင်သူတိုင်းကအရာအားလုံးအဆင်ပြေနေပြီလို့ထင်စရာပါ။ ဘယ်သယကမှလည်းကျွန်တော်ပြိုလဲနေတဲ့ပုံကိုမမြင်ဖူးသလို၊ မြင်ကြမှာလည်းမဟုတိပါဘူး။ ကျွန်တော့်မျက်ရည်တွေက လူတွေမမြင်အောင်မျက်ဝန်းကနေမကျဘဲ ရင်ဘက်ရဲ့အတွင်းကနေကျနေတဲ့အနာကျင်ရဆုံးသေ မျက်ရည်စက်တွေမို့ပါ။

If you are happy {Complete}Where stories live. Discover now