မင်းပျော်နေရင်ကျေနပ်ပါပြီ

503 34 4
                                    

"ကလေးတွေမငိုနဲ့တော့ နောက်အပတ်ကျတွေ့ရမှာပဲကိုဝမ်းနည်းမနေနဲ့၊"

"Hyung! ဖုန်းကိုထားခဲ့တော့မှာဆိုတော့ နောက်ဆုံးအနေနဲ့တစ်ခေါက်လောက် မပြောတော့ဘူးလား"

"အင်း"
Hoesok ညီဖြစ်သူပေးတဲ့ဖုန်းကိုကိုင်ပြီးNamjoonဆီကိုဖုန်းခေါ်လိုက်သည်။

"Hello! Namjoonလား"

"Hobi! မင်းတော့နော်ပျောက်ချက်သားကောင်းနေတာ"

"အင်း၊ စာတွေအပြီးသတ်နေတာ၊ ဒီတစ်ပုဒ်ကိုသေချာအပြီးသတ်ပြီးအေးဆေးပဲအနားယူတော့မလို့"

"အေးပါ၊ပြီးတာပဲ ငါတို့လည်ပြန်လာတော့မှာပါ၊ မင်းစာအုတ်ကိုမျှော်နေတာ"

"ကျေးဇူးပဲ၊ Jin Hyung ရော ရှိလား"

"အင်းရှိတယ်၊"

"Hello၊ Hobi!နေကောင်းလား"

"အင်း၊ ကောင်းပါတယ်၊ Hyung ပျော်လား"

"ပျော်တာပေါ့၊ မင်းရောရည်းစားရနေပြီဆို"

"အင်းဒီလိုပါပဲ၊ Hyungကျွန်တော့်ကိုပြောစရာရှိသေးလား"

"ဟင့်အင်း၊ မရှိပါဘူး၊ ကျေးဇူးနော်၊ငါနဲ့Joonကိုအဆင်ပြေအောင်လုပ်ပေးလို့တကယ်ကျေးဇူးတင်တယ်၊"

"ရပါတယ် Hyungတို့အဆင်ပြေပြေနေကြနော်၊ Bye Byeဖုန်းချလိုက်တော့မယ်၊ Namjoon ကိုလည်းပြောလိုက်နှုတ်ဆက်တယ်လို့"

ပြန်ပြောတဲ့စကားကိုနားမထောင်ပဲဖုန်းကိုတန်းချလိုက်သည်။

လေဆိပ်ထဲဝင်လာတဲ့ကောင်လေး5ယောက်၊
ဝမ်းနည်းမှုကိုယ်စီနှင့်နှုတ်ဆက်နေကြသည်။

အင်းနောက်ဆုံးတော့ရောက်လာပြီပေါ့၊ အရာအားလုံးကိုစွန့်ခွာသွားရမယ့်နေ့။ ကျေနပ်ပါတယ်၊ Hyungပျော်နေပြီပဲ။ Namjoon ငါစိတ်ချပါရစေကွာ။ ကျွန်တော်တို့စတွေ့တဲ့နေ့က မမေ့ကလိုပဲ Hyung မိုးရေထဲက Hyung ရဲ့ပုံရိပ်တွေကို အခုထိမျက်လေားထဲမှာမြင်ယောင်နေတုန်းပဲ။ ချစ်ခဲ့တယ် Hyung နှလုံးသားအရင်းအမြစ်ကနေ၊ ဒါပေမယ့်မေ့ထားရမယ့်အချိန်တန်ပြီ။ ကျွန်တော်မမေ့ချင်လည်းမေ့သွားတော့မှာ မှတမလား။ နှုတ်ဆက်ပါတယ် Hyung ကျွန်တော်အရမ်းပင်ပန်းနေပြီ။ ကျွန်တော့်အချစ်ဆုံးက Hyung ပါလို့ တစ်သက်လုံးမပြောခဲ့ပါဘူး။ ရိပ်မိမယ်လည်းမထင်ပါဘူး။ ချစ်ခဲ့ပါတယ် Hyung။

If you are happy {Complete}Where stories live. Discover now