ညလယ်ရဲ့အမှောင်ထုအောက်မှာအတိတ်ရဲ့ပုံရိပ်တွေထဲနစ်မျောနေသောကောင်လေး
"Hoseokရဲ့ဘေးခုံမှာသွားထိုင်လိုက်သား"
"Kim Namjoonပါ၊တွေ့ရတာဝမ်းသာပါတယ်၊အခုမှကျောင်းပြောင်းလာတာပါ၊ကူညီပေးပါဦး"
"တွေ့ရတာဝမ်းသာပါတယ်၊Hobiလို့ပဲတစ်ကျောင်းလုံးကလည်းအဲ့လိုပဲခေါ်ပါတယ်။၊"
အဲ့နေ့သာ ရှိမလာရင်၊ဒီနေ့ထိတောင့်ခံနိုင်မှာမဟုတ်ဘူးလေ။ကျွန်တော်နဲ့Namjoonကအကောင်းဆုံးသူငယ်ချင်းတွေပါ။ ကျူရှင်မှာတော့Suga Hyungနဲ့အခင်ဆုံးပေါ့ကျောင်းလည်းတူကျူရှင်လည်းတူပေမယ့် အတန်းမတူကြပေ။ Suga Hyungကကျွန်တော့်ထက်1နှစ်ကြီးပါသည်။
Namjoonနှင့်ကျွန်တော်ကကျောင်းမှာအမြဲတပူးပူးတတွဲတွဲပါ။ ကျွန်တော်Jin HyungကိုသဘောကျနေတာကိုNamjoonကိုပြောပြပါဖူးသည်။ နာမည်တော့မပြောဖြစ်ခဲ့ပေ။ ကျွန်တော်နေ့တိုင်းJin Hyungတို့အဆောင်ရှေ့သွားသည်။ မုန်းစားရအောင်လည်းပါသည်။ Jin Hyungကိုငေးရန်လည်းပါသည်။ ကျွန်တော်တို့ကျောင်းမုန့စားဆောင်သည်Jin Hyungတို့အဆောင်၏အနောက်ဘက်ဖြစ်၍ ထိုသို့သွားတိုင်းHyungတို့အဆောင်ထဲကဝင်ပေါက်ကနေသွားရသည်။ ဒါကသာမာန်အလုပ်ဆိုပေမယ့်ကျွန်တော့်အတွက်တော့ဘုရားပေးတဲ့ဆုတစ်ခုလိုပါပဲ။ ကျွန်တော်တို့အဆောင်နားရောက်တာနဲ့ အဆောင်ရဲ့မြင်သာတဲ့နေရာတစ်ခုခုမှာJin Hyungကိုသူ့သူငယ်ချင်းတွေနဲ့အမြဲရယ်မောနေတာကိုတွေ့ရသည်။ ကျွန်တော့်အတွက်တော့Hyungရဲ့မျက်နှာကိုတစ်ခါလောက်စက္ကန်ပိုင်းလေးမြင်ရရင်ကိုကံကောင်းမှုတစ်ခုလိုပါ။"ဟေ့ကောင် အဲ့ဘက်ကိုအရမ်းမကြည့်နဲ့လေကွာ၊ ဟိုအဖွဲ့ရိပ်မိကုန်မယ်"
Namjoonအမြဲတားနေကြစကားပင်။ သူလည်းဘယ်ထင်မိမလည်း သူကြိုက်နေတဲ့သူကကျွန်တော်မြတ်နိုးရတဲ့Jin Hyungဆိုတာ။ အဲ့တုန်းကJin Hyungပြုံးရင်သိပ်ချောတာကို၊အခုလည်းချောနေတုန်းပါပဲHyungရယ်။
ရုတ်တရက်လွင့်မောနေတဲ့စိတ်အပိုင်းအစတို့ကိုရုတ်သိမ်းကာ ကုတင်ပေါ်ကထထိုင်လိုက်သည်။ထလိုက်တာနဲ့မြည်လာသောဖုန်းကိုကောက်ကိုင်လိုက်သည်။
"Hello! "
"Hello!Hobi Hyung၊ ပန်းခြံသွားမလို့ Hyungအိမ်ရှေ့ရောက်နေတယ်၊ ထွက်လာခဲ့"
J-hopeသက်ပြင်းချပြီးအိမ်တံခါးဖွင့်ကာထွက်လာခဲ့သည်။ ညဝတ်အင်္ကျီတောင်မလည်းရသေးပေ၊ ခုဏမှကုတင်ပေါ်ကထထိုင်တုန်းရှိသေးတယ်။ မနက်စောစောဖုန်းဆက်ပြီးဘာပြောဦးမလို့လည်းမသိဘူးဆိုတဲ့မျက်နှာဘေးနဲ့ဖုန်းကိုင်လိုက်သော်လည်း အိပ်ချင်မူးတူးဖြစ်နေစာကြောင့်အိမ်ရှေ့ထွက်ခဲ့ဆိုတာကလွဲလို့ဘာမှမကြားလိုက်ပေ။
"Hobi Hyung! "
"ဘာပြောမို့တုန်း"
" ပန်းခြံကိုဒီပုံစံနဲ့လိုက်မှာလား"
"ငါကဘာလို့ပန်းခြံလိုက်ရမှာလည်း၊ မလိုက်ဘူး၊ သွားတော့ ဒီနေ့စာရေးမှာ"
Hobi Hyungကအမြဲစာရေးနေလေ့ရှိသည်။ သူ့အချိန်တော်တော်များများကိုအခန်းထဲမှာပဲကုန်ဆုံးလေ့ရှိသည်။ အမြဲလိုလို အပြင်မထွက်တော့သူ့ကိုလိုက်နေတဲ့သူတွေတောင်ပြန်လှည့်ကုန်ကြတယ်လေ။ Hyungကရုပ်လည်းမဆိုးပါဘူး၊ သူ့ကိုကြိုက်နေတဲ့မိန်းကလေးတွေများဝိုင်းဝိုင်းလည်လို့ မိန်းကလေးတွေစိတ်မဝင်စားလို့ပဲလားဆိုတော့လည်းသူကိုသဘောကျနေတဲ့သူ့ဂျူနီယာကောင်လေးတွေမှတစ်ပုံကြီး ဒါပမယ့်ဘာကိစ္စကြောင့်များအချိန်ထိချစ်သူမရှိတာလည်းစဉ်းစားလို့မရပေ။သူသဘောကျနေတဲ့လူရှိလို့နေမှာပေါ့လို့သာတွေးရင်း။ Joungkookထွက်လာခဲ့သည်။မိမိမှာလည်းချစ်Taeလေးနဲ့ချိန်ထားတာရှိသောကြောင့်။
မေ့နိုင်တာပေါ့၊အသစ်တစ်ယောက်ကိုတွဲပြီး။လိုချင်တာပေါ့၊ကိုယ့်ကိုသည်းသည်းလှုပ်ချစ်တဲ့ချစ်သူမျိုး၊ဒါပေမယ့်မတောက်းတတော့ဘူး အချစ်ဇာတ်လမ်းတွေရဲ့အဆုံးသတ်မှာနာကျင်ရတဲ့သူတွေအမြဲရှိနေတတ်တာမို့ကိုယ်ခံစားရသလိုမျိုးဘယ်သူ့မှမနာကျင်စေချင်ဘူး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
668wordsပါ။တိုသွားတယ်။
နောက်partကိုရှည်ပေးပါ့မယ်
Life Againကိုအဆုံးသတ်တော့မှာမို့ဒါလေးတိုသွားတာ
ဆေားတီး😁
I Purple you 💜.

YOU ARE READING
If you are happy {Complete}
Fanfictionခင်းဗျားတို့အနေနဲ့အချစ်ဆိုတဲ့အရာကိုဘယ်လိုမြင်လည်း။ ခင်ဗျားတို့ရဲ့အချစ်ကရောခိုင်မြဲနိုင်လို့လား။ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေကိုကျွန်တော်မကြိုက်ဘူး။ ကိုယ်ကိုယ်တိုင်တတိယမြောက်လူဖြစ်ဖူးတာမို့၊ တတိယမြောက်လူတွေရဲ့ခံစားချက်ကိုနားလည်တယ်။ နောက်ထပ်ဘယ်သူ့ကိုမှမ...