အချိန်

239 33 8
                                    

ဒီနေ့စာရေးရမှာပျင်းနေသည်။ အပြင်မှာလည်းမိုးတွေရွာနေသည်။ အေးသည်။ အထီးကျန်သည်။ သို့သော်အဆင်ပြေသည်။ နေသားကျနေပြီလို့ဆိုလို့ရသည်။ ညာလို့လည်းပုံမှန်ဆိုအစွဲအလမ်းကြီးတဲ့ကျွန်တော်ကဘာကြောင့်များဒီလောက်စွဲစွဲလမ်းလမ်းချစ်မိနေရတာလည်း။

အိမ်ရှေ့ကလူခေါ်ဘဲလ်မြည်လာ၍Hoseokထီးဆောင်း၍ခြံတံခါးသွားဖွင့်သည်။
"အော်Namjoon! ,လာလေမိုးတွေဒီလောက်ရွာနေတာ အိမ်မှာမနေဘူးလား"

"မင်းဆီလာလည်တာ"

"လာလေအိမ်ထဲဝင်၊ "

အိမ်ထဲလည်းရောက်ရော Namjoonကိုယ်ပေါ်မှာကပ်တွယ်လာတဲ့ရေစက်တွေကိုလက်နဲ့ခါထုတ်လိုက်သည်။ ထိုမြင်ကွင်းကိုကြည့်ရင်းHoseokအရင်တုန်းကပုံရိပ်တွေကိုပြန်မြင်ယောင်လာပါသည်။

"Namjoonထိုင်နော်၊ ငါမင်းအတွက်တစ်ခုခုသွားလုပ်ပေးမယ်"

"ရတယ်၊hobiငါမင်းနဲ့စကားပြောရအောင်လာတာ"

"ပြောလေဘာပြောမလို့လည်း"သူငယ်ချင်းရေကျေးဇူးပြုပြီးjin Hyungကိစ္စမပြောပါနဲ့ကွာ၊

"ဘာရယ်မဟုတိပါဘူး၊မင်းအကြောင်းလေးမေးမလို့"

"မေးလေဖြေကြည့်မယ်"
ဘယ်လောက်ပဲနာကျင်ရပါစေပြုံးတတ်ပါတယ်။ နာကျင်မှုတွေကိုခန္ဒာကိုယ်က မျက်ရည်အဖြစ်မပြတော့ဘဲ အပြုံးတိုင်းကနာကျင်မှုကိုကိုယ်စားပြုနေတယ်။ ကျွန်တော်နာကျင်တိုင်းနာနာကျင်ကျင်ကြီးကိုပြုံးတတ်ပါသည်။

"မင်းသည်းငယ်အပေါ်ခံစားချက်ရှိနေတုန်းပဲလား"

"အော်ဘာများလည်းလို့၊အဲ့ကိစ္စလား မပူပါနဲ့သူငယ်ချင်းရယ် ငါဘဝမှာဝတ္ထုတွေနဲ့BTSရှိရင်အဆင်ပြေနေပါပြီ။ ငါလေBTSဆိုတဲ့idol 7ယောက်ရဲ့ကောင်းမှုနဲ့ငါ့ဘဝကငြိမ်းချမ်းနေပါပြီ" ယုံလိုက်ပါNamjoonငါမင်းယုံနိုင်တဲ့အခိုင်မာဆုံးဆင်ခြေပဲ။

"BTSလား၊"

"အင်းပါ၊ မင်းရောစော်လေးဘာလေးမရှာသေးဘူးလား မိုးအေးအေးနဲ့ဆောင်းချမ်းချမ်းမှာနွေးနွေးပွေ့ရမယ့်ချစ်သူလေးမရှိရင် ပျင်းစရာကြီး"

If you are happy {Complete}Where stories live. Discover now