Memory

188 26 12
                                    

"ရောက်ပြီJ-hope သက်သာရဲ့လား"

"အင်းNamjoonငါသက်သာပါတယ်အခန်းသော့ယူပြီးဝင်နားတော့မယ်ကွာ"

"အေး၊ဂရုစိုက်ဦးနော်"

Hoseok အခန်းသော့ယူကာ ကမ်းခြေဘက်သို့ထွက်လာသည်။ မိမိတို့ယူထားသောအခန်းမှာပင်လယ်ပြာကြီးနဲ့ ကောင်းကင်ကြီးထိစပ်နေသောနေရာကိုမြင်ရအောင်တည်ဆောက်ထားသော အိမ်ပုလေးတစ်လုံး။ Hoseokအခန်းတံခါးဖွင့်အထုတ်တွေအခန်းထဲရောက်သည်အထိစောင့်နေလိုက်သည်။နောက်တော့ကောင်လေးနှစ်ယောက် အထုတ်များလာချပေးပြီးထွက်သွားလေသည်။ Hoseokလက်မှာပတ်ထားတဲ့နာရီလေးကိုထုတ်ကြည့်လိုက်သည်။ဆေးသောက်ရန်အချိန်လိုသေးတာကြောင့် ပင်လယ်ဘက်ကိုစိတ်ပြေလက်ပျောက်လမ်းလျှောက်ထွက်လာခဲ့သည်။ တွေကိုနားထောင်းရင်းအတွေးထဲတွင်မိမိရေးစရာကျန်သေးသော ဇာတ်လမ်းများရဲ့အဆုံးသတ်ကိုကြိုတွေးနေသည်။ မနက်ဖြန်ကြNamjoonနဲ့Jin Hyungအတွက်မိမိကိုယ်တိုင်စီစဉ်ပေးထားသော မင်္ဂလာပွဲကိုတက်ရောက်ဂုဏ်ပြုပေးရဦးမည်။ ငါမှားခဲ့သလား။ စာရေးစရာတစ်ယောက်က ဝတ္ထုထဲကဇာတ်ကောင်တွေကိုရက်စက်ခဲ့လို့ ကိုယ်လည်းအပြင်မှာပြန်ခံရတယ်ပဲသဘောထားပါတယ်။ ရုတ်တရက်အနားကိုလူတစ်ယောက်ရောက်လာသည်။

"Hobi၊ ကိုကို့ကိုတွေမိသေးလား"

"ဘယ်ကိုကိုလည်းခင်ဗျာ့"
မိမိထိုကောင်လေးကိုမသိ။ အရပ်ကတော့မိမိနဲ့မတိမ်းမယိမ်း၊မိမိထက်လည်းငယ်မယ်ထင်ရသည်။

"Yoongi Hyungလေ မတွေ့မိဘူးလား"

Hoseokစဉ်းစားသည်။ Yoongiဆိုတဲ့သူနဲ့ငါနဲ့သိလို့လား။ ငါကရော ဘယ်သူလည်း ဒါကဘယ်နေရာလည်း ဘယ်လိုရောက်နေတာလည်း။

"တွေ့မိဘူးဗျ"

"ဟင့်ပြီးရော။ တွေ့ရင်Min လေးရှာနေတယ်လို့ပြောပေး"

"ဟုတ်ကဲ့"
ဘာတေလည်းဟ ငါဘယ်ရောက်နေတာလည်း။ ဝါး ပင်လယ်ကြီးကလှလိုက်တာ၊ ခဏကြည့်လိုက်ဦးမယ်။

"Hobi"

"............"

"Hobi"

"..............."

"ဒီမှာ Jung Hoseok"
Yoongiခေါ်မရတဲ့အဆုံး အနားကိုသွားပြီးခေါ်သည်။

If you are happy {Complete}Where stories live. Discover now