Mew နဲ့ Gulf shopping center အရင်သွားနှင့်သည်။ Gulf. ကတော့ကားပေါ်တက်ကတည်းကပြုံးနေတဲ့အပြုံးက အခုချိန်ထိအပိုးမသတ်နိုင်သေးဘူး။ Mew ကားမောင်းနေတဲ့တလျှောက် Gulf ကိုတချက်တချက်လှည့်ကြည့်မိသည်။ ဒီကောင်လေးစထွက်လာကတည်းက ပြုံးစိစိဖြစ်နေတာ ဘာလို့များပါလိမ့်။ ငါ့အကျီများတခုခုပေလို့လား။ ငါ့ပုံစံကများရီစရာဖြစ်နေလို့လား။ ဟာ မဖြစ်နိုင်ပါဘူးခါတိုင်းလဲငါဒီတိုင်းသွားနေကျပါ။ ဘာလို့များရီနေပါလိမ့် ဒီကောင်လေးနဲ့ အပြင်ထွက်မှဘဲ ငါလည်းစဉ်းစားစရာတွေရှိလာတော့တယ်။ Mew ကိုယ့်ဘာသာတယောက်ထဲတွေးပြီးခေါင်းခါကာရီနေမိတော့သည်။
Shopping center ထဲက ကားပါကင်မှာကားထိုးပြီးတော့နှစ်ယောက်လုံးအထဲထဲသို့ဝင်လာကြတယ်။
Mew_"Gulf ဘာစားမလဲ။ "
Gulf_"Phi ကြိုက်တာစားပါ။ ကျွန်တော်ကဘာဖြစ်ဖြစ်စားပါတယ်။"
Mew_"ဒါဆို ကော်ဖီသောက်မလား။ Phi အမြဲတမ်းသောက်နေကျဆိုင်ရှိတယ်။ မုန့်တွေလဲရတယ်။ အဲ့သွားမလား။"
Gulf_"ဟုတ်သွားမယ်လေ။ Phi ကကောိဖီကြိုက်တာလား။"
Mew_"ဟုတ်တယ်။ ကော်ဖီကိုခါးသက်သက်လေးပိုကြိုက်တယ်။ Phi ကအချိုတွေသိပ်မကြိုက်ဘူး။ Nong ကကော"
Gulf_"ကျွန်တော်ကကော်ဖီတော့သိပ်မကြိုက်ဘူး Phi။သောက်တော့သောက်ပါတယ်။သိပ်တော့မသောက်ဖြစ်ဘူး။ကြိုက်တာတွေကတော့ အချို၊အစပ်။ ထမင်းစားရင်လည်းအစပ်လေးပါမှစားဝင်တာ။😁😁"
Mew ကောင်လေးကိုကြည့်ပြီးပြုံးလိုက်မိတယ်။ ဒီကောင်လေးကြည့်ရတာလွတ်လွတ်လပ်လပ်နေတတ်တယ်။စာလဲကြိုးစားတယ်။ချောလဲချောတယ်။ချစ်ဖို့ကလဲကောင်းတယ်။သူ့လိုတပည့်လေးရှိတာငါဂုဏ်ရှိတာပေါ့🤭 ။ Mew တယောက်ထဲတွေးပြီးပြုံးနေမိတယ်။
မုန့်စားပြီးတော့ mew လိုအပ်တာလဲဝယ်ပြီးပြန်လာခဲ့တယ်။ gulf ကိုမေးတော့ဘာမှဝယ်စရာမရှိဘူးဆိုတော့သူလဲ တခါထဲပြန်လာလိုက်တယိ။Mew_"Gulf အဖော်လိုက်ပေးလို့ကျေးဇူးနော်။ ကိုယ်သွားပြီနော်။"
Gulf ကို တိုက်ခန်းရှေ့နှုတ်ဆက်ပြီး ကိုယ့်အခန်းကိုပြန်လာခဲ့တယ်။Gulf အခန်းထဲလဲပြန်ရောက်ရော ကုတင်ပေါ်လှဲပြီး အကြီးမားဆုံးအပြုံးတခုနဲ့ပြုံးနေမိတယ်။ သူ P'mewနဲ့ရှိတဲ့အချိန်တိုင်းရင်တွေခုန်ရတယ်။ ယောင်္ကျားလေးကြိုက်ဖူးလားဆိုတော့လဲ တခါမှမကြိုက်ဖူးဘူး။ မိန်းကလေးဆိုလို့လဲမူးရင်တောင်ရှူစရာမရှိ။
ငါ့ရဲ့ပထမဦးဆုံးက အချစ်က P'mew နဲ့ စခဲ့တယ်ပေါ့ 🤭 ။
YOU ARE READING
မင်းမသိတဲ့အမှန်တရား
Fanfictionအမုန်းကြောင့်မင်းကိုချစ်လာတာလား။ MewSuppasit ကျွန်တော့်ရဲ့ ပထမဆုံးဖြစ်တဲ့ phi ကို လုံးဝလက်မလွှတ်နိုင်ဘူး။ GulfKanawut