Part 7

381 30 5
                                    

Mew_"ဪ Gulf ပါလား။ဘာကိစ္စရှိလို့လဲ"
Gulf_"phi ကိုစာမေးချင်လို့။😁😁 "
Mew_"ဪ။ လာအထဲဝင်။ phi မျက်နှာသစ်လိုက်ဦးမယ်။ ‌အချိန်ရတယ်မလား"
Gulf_"သိပ်ရတာပေါ့ phi "
Mew Gulf ရဲ့အဖြေကြောင့်ပြုံးမိလိုက်တယ်။ဒီကောင်လေးကသွပ်သွက်လက်လက်လေးနဲ့ တော်တော်ကို ဟာသလုပ်ပြောတတ်တာဘဲ။ Mew ပြုံးပြခဲ့ပြီး မျက်နှာသစ်ဖို့ရေချိုးခန်းထဲဝင်သွားလိုက်တယ်။
Gulf P'mew ရဲ့ အခန်းလေးကိုကြည့်နေမိတယ်။အခန်းလေးက သန့်သန့်ရှင်းရှင်းလေးနဲ့ ပစ္စည်းလေးတွေဆိုလဲနေရာတကျ။ ယောက်ကျားလေးတယောက်ကဒီလိုသပ်သပ်ရပ်ရပ်နေတတ်မှုကြောင့် Gulf ပါးစပ်အဟောင်းသားလေးဖြစ်သွားခဲ့ရတယ်။ သူနဲ့ No ရဲ့အခန်းကိုသာ p'mew ရောက်လာရင်မူးမေ့သွားနိုင်တယ်။ Gulf တယောက်ထဲတွေးပြီး ရီနေမိတယ်။

Mew မျက်နှာသစ်ပြီးပြန်ထွက်လာတော့တယောက်ထဲဘာတွေသဘောကျပြီးရီနေမှန်းမသိ။ ခေါင်းလေးခါလိုက်ရီလိုက်လုပ်နေတဲ့ Gulf. လေးကို Mew ငေးကြည့်နေမိတယ်။ပြီးတော့မှ
Mew_"Nong ဘာတွေသဘောကျပြီးရီနေတာလဲ။ ကိုယ့်ကိုလဲပြောပါဦး"
Gulf_"ဘာမှမဟုတ်ပါဘူး Phi။ Phi အခန်းကတယောက်ထဲနေပေမယ့်သပ်ရပ်နေပြီး ကျွန်တော်တို့ နှစ်ယောက်နေတဲ့အခန်းကခြေချစရာတောင်မရှိဘူး ။အဲ့တာတွေးပြီးရီနေတာ 😁😁"
Mew_"ဟုတ်ပါပြီ။ ကဲစာကဘာမေးမှာလဲ။ ပြော ဘာနားမလည်တာလဲ"
Gulf_"ဒီ chapter ကလေ ..........."
စာမေးပြီးတဲ့အခါမှာတော့ Gulf ပြန်မလို့လုပမလိုက်ပေမယ့်
Mew_"Gulf အပြင်သွားဖို့ရှိလား။"
Gulf_"မရှိဘူး Phi. ဘာလို့လဲ"
Mew_"မရှိရင် Phi နဲ့အပြင်ခဏလိုက်ခဲ့လို့ရမလား။ တယောက်ထဲ သွားရမှာပျင်းနေလို့😔😔"
Gulf_"လိုက်ခဲ့မယ်Phi။ ကျွန်တော်က ဘယ်မှသွားစရာမရှိဘူး။ လိုက်ခဲ့မယ်။ဘယ်ချိန်သွားမလဲ။"
Mew_"နေ့လည် တနာရီလောက်။ အဲ့လောက်ကျရင်သွားရအောင်။ "
Gulf_"ဟုတ်အဲ့တာဆို ရေမိုးချိုးထားလိုက်မယ်နော် Phi "
Mew_"Ok. ကျေးဇူးနော် ။ 🥰🥰"
Gulf_"😉😉😉သွားပြီနော်Phi "
Mew_"☺️☺️ok ok "

Mew ဒီနေ့အရမ်းအထီးကျန်နေတယ်။ မိဘတွေကလဲ မရှိကြတော့ဘူး ( ဖတ်ဖတ်လွဲပါစေဖယ်ပါစေ ) ချစ်သူကလဲ ပြန်သွားကတည်းက ဖုန်းလေး တခါတောင်မဆက်ဘူး။ ဒါပေမယ့် Mew အထွန့်တက်မနေတော့ပါ။ ချစ်သူက သူနဲ့နီးစပ်ဖို့သွားတာမလား။ ဘာဘဲဖြစ်ဖြစ်ဒီနေ့အတွက်တော့အထီးမကျန်တော့ဘူးပေါ့ Gulf နဲ့အပြင်သွားမှာဆိုတော့ ။

မင်းမသိတဲ့အမှန်တရားWhere stories live. Discover now