Mew မနက်စောစောထပြီးဟိုတယ်ကစားသောက်ဆိုင်မှာ မနက်စာစားနေတုန်း သူ့ခုံကိုလာထိုင်သော gulf.
Gulf_"Morning p'mew. "
Mew_"ဘာလာလုပ်ပြန်တာလဲ။ မင်းငါ့ကိုဘာလို့လိုက်နှောင့်ယှက်နေတာလဲ"
Gulf_"aow လိုက်နှောင့်ယှက်နေတာ မဟုတ်ပါဘူးနော်။ ပိုးပန်းနေတာလို့ခေါ်တယ်။ "
Mew_" မင်းတစ်ယောက်ထဲနေခဲ့။ ငါသွားပြီ။"
Gulf_"aow phi:::"
Gulf Mew စားပွဲကနေထသွားတာနဲ့နောက်ကနေ လိုက်ပါလာတယ်။
Mew gulf လိုက်လာတာသိနေပေမယ့်မသိချင်ယောင်ဆောင်ကာ သူသွားချင်တဲ့နေရာကိုသာ တည့်တည့်မတ်မတ်သွားနေသည်။
ခဏကြာတော့ အော်သံ
Gulf_"p'mew!!!!"
Gulf အသံအကျယ်ကြီး ကြားလိုက်ရတာကြောင့်နောက်လှည့်ကြည့်တော့ မြေပြင်ပေါ်လဲကျနေသည်။
Mew Gulf ဆီအမြန်ပြေးသွားကာ ထူလိုက်သည်။
Mew_"ဘယ်လိုဖြစ်လို့လဲကျတာလဲ။"
Gulf_"မသိဘူးလေ phi ။ ရင်ဘတ်ထဲ လှတ်လှတ်လှတ် ဖြစ်လာပြီး လက်တွေလဲတုန်နေတာ။"
Mew_"မင်းမနက်စာစားပြီးပြီလား"
Gulf_"မစားရသေးဘူး😁။ ကျွန်တော်မစားရသေးခင် phi ကထွက်သွားတာကို ဘယ်လိုလုပ်စားလိုက်ရမှာလဲ"
Mew_"အဲ့တော့ မင်းက ငါ့ကြောင့်လို့ပြောချင်တာပေါ့ဟုတ်လား"
Gulf_"မသိဘူးလေ။"
Mew Gulf ကိုကြည့်ကာသက်ပြင်းချလိုက်ပြီး ဘေးဘီဝဲယာကြည့်မိတော့ဆိုင်လေးတစ်ဆိုင်တွေ့တာနဲ့ အဲ့ဆိုင်ထဲဆွဲခေါ်သွားလိုက်သည်။
Gulf သူစားချင်တာနှစ်မျိုး၊သုံးမျိုးလောက်မှာပြီး mew ကိုစိုက်ကြည့်နေလိုက်သည်။
Mew_"ဘာလို့လာစိုက်ကြည့်နေတာလဲ။"
Gulf_"ချောလို့😁😁"
Mew တစ်ဖက်ကိုလှည့်ကာ ယဲ့ယဲ့လေးပြုံးလိုက်သည်။ ပြီးမှ gulf ဘက်လှည့်ကာ မျက်နှာပြန်တည်ထားလိုက်သည်။
Mew_"မြန်မြန်စား။ ငါအလုပ်ရှိတယ်။"
Gulf Mew ရှက်သွားမှန်းသိလို့ထပ်မစတော့ဘဲ အစားသာစားနေလိုက်သည်။ ဘာဘဲဖြစ်ဖြစ်တိုးတက်မှုလေးတော့ရှိလာတယ်မလား။
YOU ARE READING
မင်းမသိတဲ့အမှန်တရား
أدب الهواةအမုန်းကြောင့်မင်းကိုချစ်လာတာလား။ MewSuppasit ကျွန်တော့်ရဲ့ ပထမဆုံးဖြစ်တဲ့ phi ကို လုံးဝလက်မလွှတ်နိုင်ဘူး။ GulfKanawut