Mew တိုက်ခန်းထဲပြန်ရောက်လာပြီး နောက် ရေခဲသေတ္တာထဲက ဘီယာဗူးသုံးဗူးလောက်ထုတ်လိုက်တယ်။
အမြည်းမပါ ဘာမပါနဲ့ အလွတ်သောက်လိုက်တယ်။
📳📳📳📳📳📳
"ဟာကွာ အရေးထဲဘယ်ကဖုန်းလာနေတာလဲ။"
Mew ကောက်ကိုင်ကြည့်လိုက်တော့ Nice
Mew_"ဘာလဲ"
Nice_"အေး မင်းအဲ့လောက်ထိ မဖြစ်ပျက်သေးခင် မင်းရဲ့အကြောင်း social media ထဲရိုက်ရှာကြည့်ဦး
မင်းသားမင်းသမီးထက်တောင်နာမည်ကြီးနေပြီ။"
Mew_"ဟမ်"Mew Nice ဖုန်းကိုချလိုက်ကာ ကြည့်လိုက်တော့။ သူဒီနေ့ပြဿနာဖြစ်ခဲ့တဲ့အရာများစွာ အစအဆုံး ပွလန်ကျဲနေသည်။
တက်လာသောခေါင်းစဉ် မှန်သမျှက လှေလန်နှစ်ဖက်နင်းသူတဲ့။
Comments_________
👤_ဟယ် ငါမထင်ထားဘူး။ အဲ့ဆရာကို အရမ်းလေးစားတာ။ အခုက ရွံစရာကြီး။
👤_ဆရာကအဲ့လိုမဟုတ်လောက်ပါဘူး။"
👤_သူက ဂေးအကြီးစားကြီးဘဲ။😄😄(မသာနင်ကမှ ဂေး)
👤_နှစ်ယောက်ထဲကောဟုတ်ရဲ့လား🧐🧐။
👤_ဆရာမမှားပါဘူး။ ဟိုနှစ်ယောက်မှားတာ။
👤_သူကျောင်းလာဦးမလား မသိဘူး။ ရှက်တတ်ရင်တော့မလာလောက်ပါဘူး။
👤_ငါ့တို့အတန်းထဲက ကောင်နဲ့ဖြစ်နေတာလား။
👤_ငါကြားတာတော့ တစ်ယောက်က နိုင်ငံခြားသွားတုန်းနောက်တစ်ယောက်နဲ့ဖြစ်တာတဲ့
.
.
.
.
.
.
.
.
.
.
.
.
.
.
.
စသဖြင့် ဝေဖန်မှုပေါင်းများစွာ။Mew စိတ်တိုတိုနဲ့ဖုန်းကိုရိုက်ခွဲပစ်သည်။
"ငါဘာလုပ်မိလို့လဲ။ ငါဘာတွေကျူးလွန်မိလို့လဲ။ ဟမ် ငါ့ဘဝက ဒီလိုဒုက္ခတွေနဲ့ဘဲ နေနေရမှာလား။ ချစ်သူကလဲ ဂရုမစိုက်ခဲ့။
ရင်နင့်အောင်ချစ်ခဲ့တာတောင်မှ အလုပ်ကိုရှေ့တန်းတင်ပြီး ငါ့ကိုလှည့်မကြည့်ခဲ့တဲ့သူ။
တစ်ယောက်ကလဲ ငါအရမ်းယုံကြည့်ခဲ့တဲ့သူ။ ငါ့အချစ်တွေကိုဖျက်ဆီးခဲ့တဲ့သူ။ ငါ့အချစ်တွေ ကို သူ့အတွက် မလှုပ်ခါခဲ့သင့်ဘူး။
အခု ငါက ဘာလဲ။ ငါက အရူးကြီးပေါ့။ လူဆိုးကြီးပေါ့။ ငါက အသဲခွဲသူကြီးပေါ့။ဟက်
YOU ARE READING
မင်းမသိတဲ့အမှန်တရား
Fanficအမုန်းကြောင့်မင်းကိုချစ်လာတာလား။ MewSuppasit ကျွန်တော့်ရဲ့ ပထမဆုံးဖြစ်တဲ့ phi ကို လုံးဝလက်မလွှတ်နိုင်ဘူး။ GulfKanawut