Part_13

330 31 0
                                    

Mew_"aow Nice !!!"
Nice_"မတွေ့ရတာတောင်ကြာပြီ။ ဘယ်လိုလဲငါ့ကောင် အဆင်ပြေလား။"
Mew_"ပြေပါတယ်။ မင်းကဘယ်တုန်းကပြန်ရောက်တာလဲ"
Nice_"မနေ့ကမှပြန်ရောက်တာ။ ဝယ်စရာရှိတာနဲ့ Junction လာတာ။ မရောက်တာကြာလို့ထင်ပါတယ်ကွာ။ မျက်စိတောင်လည်တယ်။ 😅"
Mew_"ငါတို့တစ်ရက်လောက်ချိန်းပြီးစကားပြောဦးမယ်။ ဪ မိတ်ဆက်ပေးရဦးမယ်။ ဒါ ငါ့တပည့် နာမည်က gulf တဲ့။ gulf ဒါက p' သူငယ်ချင်း nice တဲ့ ။ မှတ်ထားနော်။"
Gulf_"ဟုတ် ။ sawaadee kha p'nice ။ ကျွန်တော့်နာမည် Gulf ပါ။ "
Nice_"wadee P' နာမည်က Nice မှတ်ထားနော်။ လမ်းတွေ့လဲခေါ်ပေါ့နော်။
ကဲ Mew ငါသွားလိုက်ဦးမယ်။ နောက်မှအေးဆေးတွေ့မယ်။ သွားပြီ ငါ့ကောင်။"
Nice လဲ Mew ကိုနှုတ်ဆက်ပြီးထွက်သွားတော့တယ်။

Gulf သိလိုက်တာကတော့ p'mew မှာ အခင်ဆုံးသူငယ်ချင်းရှိတာကိုပေါ့။

ရုပ်ရှင်လဲကြည့်ပြီးရော ညစာစားဖို့
"Forever" ဆိုတဲ့ဆိုင်လေးထဲဝင်လိုက်တယ်။
Mew_"gulf ဘာစားမလဲ ။ ကြိုက်တာမှာစားနော်။ p' ဝယ်ကျွေးမယ်။"
Gulf_"တကယ် ??။ ဒါဆိုရင် ။အကိုဗျ မှာမို့ကျွန်တော့်ကို ထမင်းတစ်ပွဲ၊ဝက်သားပင်စိမ်းကြော်၊ခေါက်ဆွဲကြော်၊ပြီးတော့ sprite ပေးပါ။ p'mew ကောဘာစားမလဲ"
Mew_"ကျွန်တော့်ကို ပေါင်မုန့်အသားကပ်ကြော်ရယ် ကော်ဖီရယ်ဘဲပေးပါ။"
Waiter လဲထွက်သွားရော
Mew_"Gulf, မှာတာအကုန်စားနိုင်လို့လား။ ညစာကို တအားမစားပါနဲ့လား။"
Gulf_"p'mew က ကျွန်တော့်ကိုစိတ်ပူလို့လားဗျ။"
Mew_"ပူတာပေါ့ ကိုယ့်တပည့်လေးဘဲကို ။"
Gulf_"တပည့်လေး??? ကျွန်တော့်ကို တပည့်တစ်ယောက်လိုဘဲသဘောထားတာလား P'mew "
Mew_"aow P' က တပည့်လိုကော ညီလေးလိုရော ပါ။ gulf ကဘယ်လိုသဘောထားစေချင်လို့လဲ "
Gulf_"ဘာ်လိုမှသဘောထားစေချင်ပါဘူး။ မှာတာတွေကလဲကြာလိုက်တာ "
Gulf ဆက်မပြောချင်တော့တာနဲ့စကားလမ်းကြောင်းလွှဲလိုက်တယ်။
Mew သိတာပေါ့ဒီကောင်လေးသူ့ကိုစိတ်ဝင်စားနေတယ်ဆိုတာ။ ဒါပေမယ့်မဖြစ်နိုင်ဘူးလေ။ သူ့ကိုဒီထပ်ပိုပြီး မစွဲလမ်းဖို့ ဆုတောင်းရမှာပေါ့။

"Gulf ရယ်ကိုယ့်ထက်ကောင်းတဲ့သူကိုရှာလိုက်ပါ။"
စားသောက်ပြီးလို့ အခန်းပြန်လာတော့ gulf က

Gulf_"p'mew ကျွန်တော်စားမေးပွဲပြီးပြီဆိုတော့ အိမ်ခဏပြန်မှာ။ အဲ့တာ P' ကိုနှုတ်ဆက်တာ။"
Mew_" ဪ ပြန်ပေါ့။ ဘယ်နေ့ပြန်မှာလဲ gulf "
Gulf_"မနက်ဖြန်။"
Mew_"awww inn inn ဂရုစိုက်နော်။ bye 👋"
Gulf_"ဟုတ်"
Gulf အခန်းထဲဝင်လိုက်တော့ သူကသာ ခွဲရမှာမို့ဝမ်းနည်းနေတာ P'ကသူပြန်မှာ ဂရုတောင်မစိုက်သလို။
"ငါတစ်နှစ်ကျော်နီးပါးကြိုးစားတာတောင်အရာမထင်ပါ့လားနော်။ "

မင်းမသိတဲ့အမှန်တရားWhere stories live. Discover now