No Gulf ပြောတဲ့ ကုန်တိုက်နားေရာက်လာပြီး လမ်းကြားထဲ ဝင်လာခဲ့သည်။ ခဏအကြာသွားအပြီးမှာ တွေ့ပါပြီ သစ်ပင်အောက်ကြုံ့ကြုံ့လေးထိုင်ပြီး ခေါင်းငုံ့ထားသော Gulf.
မိုးက သည်းကြီးမဲကြီးမရွာတော့ပေမယ့် ဖွဲဖွဲလေးရွာနေသည်။
No သူ့လက်ထဲက ထီးလေးနဲ့ Gulf အပေါ်ကိုမိုးပေးထားလိုက်တယ်။
Gulf ငိုနေရင်းကနေ သူ့ရှေ့မှာ လာရပ်နေသော ခြေထောက်တစ်စုံ။ သိတာပေါ့ဒါ သူရဲ့ မလဲနိုင်တဲ့ သူငယ်ချင်းကောင်းကြီးဆိုတာကို။
No_"Gulf ထ အခန်းပြန်ရအောင်။ မဟုတ်ရင်မင်းဖျားလိမ့်မယ်။ ထထထထ"
Gulf_"ဟမ်။ "
No _"လာပါကွာ။ ထ"
No ထီးကိုဘေးခဏချပြီး gulf ကိုဆွဲထူလိုက်သည်။ မနဲဆွဲထူကာ အငှားကားပေါ်တင်လိုက်ရတယ်။ဒီကောင်ဘာဖြစ်တာပါလိမ့် မနက်ကအကောင်းကြီးရှိသေးတဲ့လူက အခုအရုပ်ကြိုးပြတ်သလိုဖြစ်နေတာ။
ကားပေါ်ရောက်ကထဲ ကားမှန်ကနေအပြင်ဘက်ကို အသက်မပါတဲ့အကြည့်တွေနဲ့ကြည့်နေကာ သူ့ကိုစကားတစ်ခွန်းမှမပြောသော gulf။
အခန်းထဲ ရောက်ပြီး သူ့ကိုဘာမှမပြောဘဲ ရေချိုးခန်းထဲဝင်သွားသော gulf။ အခုသူ့ပုံစံက စက်ရုပ်တစ်ရုပ်လိုဘဲ ခံစားချက်မရှိ၊နှလုံးသားမရှိ၊အချစ်မရှိ သလိုပေါ့။
。:゚(;´∩';)゚:。。:゚(;´∩';)゚:。。:゚(;´∩';)゚:。
No ကိုဒီအကြောင်းတွေ gulf မပြောချင်သေးပါ။ တစ်ယောက်ထဲ မိုးရေထဲ အထီးကျန်စွာ နေနေရင်း နွေးထွေးမှု ရချင်လာတာကြောင့် No ကိုခေါ်လိုက်ခြင်းသာ။
မိမိအတွက်ဆိုအမြဲဦးစားပေးခဲ့တဲ့ သူငယ်ချင်း။ နောက်တစ်ယောက်ထပ်ရှာရင်တောင် မရနိုင်တဲ့ သူငယ်ချင်း။ Gulf ဆီ No သာကျန်တော့သည်။
ရေချိုးခန်းထဲက ရေပန်းထဲခေါင်းထိုးရင်း P'mew ကို မြင်ယောင်မိသည်။ သူ့ကို မချစ်ဘူးလို့ဒဲ့တိုးမပြောလိုက်ပေမယ့် စည်းတစ်ခုတားသွားတာ။ အဲ့စည်းက သူ့ဆီမှာ ပိုင်ရှင်ရှိတယ်ဆိုတဲ့စည်း။ ညီလတစ်ယောက်ထပ်မပိုခဲ့ဘူးဆိုတဲ့သည့်စည်း။ ဆရာနဲ့ တပည့်ဆိုတဲ့စည်း။
အဲ့စည်းကို gulf ဖြတ်ဖို့ အင်အားမရှိတော့ပါ။
YOU ARE READING
မင်းမသိတဲ့အမှန်တရား
Fanficအမုန်းကြောင့်မင်းကိုချစ်လာတာလား။ MewSuppasit ကျွန်တော့်ရဲ့ ပထမဆုံးဖြစ်တဲ့ phi ကို လုံးဝလက်မလွှတ်နိုင်ဘူး။ GulfKanawut