Jiminနဲ့Yoongiကျောင်းပိတ်ရက်မို့ရက်ကွပ်ထဲသွားတာမုန့်သွားဝယ်စားကြသည်။Jiminကပဲဝယ်ကြွေးရတာပေါ့.....မုန့်ကလမ်းထိပ်ကုန်စုံဆိုင်ကသွားဝယ်ရတာမို့....စက်ဘီးနဲ့သာသွားဝယ်သည်။yoongiကနောက်မှာအေးဆေးလိုက်စီးနေပေမယ့်နင်းနေရတဲ့Jiminကပင်ပန်းနေသည်။
"ဟာ...ဟိုမှာဟိုရူကြီး"
Yoongiကပြောရင်းစက်ဘီးပေါ်ကပြေးဆင်းသွားသည်။မုန့်ထုပ်တွေအထုပ်လိုက်ဆွဲသွားသေးသည်။Jiminကတော့ပျာယာခက်သွားသည်။
"Yoongi...ဘယ်သွားမှာလဲ"
Jiminနောက်ကအော်ခေါ်နေပေမယ့်Yoongiကတော့လှစ်ခနဲ့ကော်ဖီဆိုင်တစ်ခုကိုပြေးသွားသည်။
Namjoonနဲ့Jinနှစ်ယောက်တည်းကော်ဖီထိုင်သောက်နေသည်။ကော်ဖီဆိုင်ကဆိုင်ထဲဝသ်သောက်ရတာမျိုးမဟုတ်ပဲ....အပြင်မှာထိုင်သောက်ရခြင်းဖြစ်သည်။နှစ်ယောက်တည်းမို့အေးဆေးစကားပြောနေကြသည်။
"ဟီး...ဦးယေးကြီး"
Namjoonသူတို့ဝိုင်းထဲလာဝင်ထိုင်တဲ့ကောင်လေးကြောင့်အူကြောင်ကြောင်ဖြစ်သွားသည်။သူမှတ်မိလိုက်တယ်....မနေ့ကအရှုပ်ထုတ်.....Jinကတော့မျက်ခုံးလေးပင့်ကာNamjoonကိုမေးငေါ့ပြသည်။Namjoonကခေါင်းသာခါပြလိုက်သည်။သူတို့လဲဂရုမစိုက်ပဲ....သူတို့ဘာသာကော်ဖီဆက်သောက်နေသည်။
"ဦးယေးကြီးလို့.....သားကလေ.....ဟိုဝေးကြီးကနေဦးယေးကြီးကိုတေ့လို့ပြေးလာရတာ.....ဦးယေးကြီးကစကားပြန်ကြောရင်စိတ်မတောင်းဖြစ်တာပေါ့ယို့"
နှုတ်ခမ်းလေးဆူကာပြောနေတဲ့ကလေားကNamjoonလက်မောင်းကိုကိုင်ရင်းချွဲနွဲ့ကာပြောရှာသည်။Namjoonနဲ့Jinကတော့သူ့ကိုမျက်ခုံးကျုံ့ကြည့်ကာ.....
"ဘာတွေပြောနေတာလဲ"
Jinကအူတူတူမေးတော့.....
"ခင်ညားကိုကြောတာမဟုတ်ဘူး.....နားယည်စရာမယိုဘူး....ဦးယေးကြီးနားယည်ရင်ရပြီ"
Namjoonနားလည်သင့်သလောက်နားလည်ပေမယ့်....ဘာသာစကားတစ်ခုတည်းကိုပက်အတော်ကြာအောင်ဘာသာပြန်နေရသည်။
"ဦးယေးကြီးလို့.....သားကရှစ်လို့ဟာကို"
Namjoonခေါင်းခါရင်းသူ့လက်မောင်းကိုဆုပ်ကိုင်ထားတဲ့Yoongiလက်ကိုခါချလိုက်သည်။
YOU ARE READING
INNOCENT(comlplete)
Romanceအဲ့ကလေးကလေ.....ဘာမှကိုမသိဘူး ငါစိတ်ရှိလက်ရှိလုပ်မိရင်တော့.....သေတော့မယ် ဘောင်းဘီထဲဘာဖွက်ထားတာလဲ......စုပ်လုံးအကြီးကြီးမလား....သားကိုမကြွေးချင်လို့မလား