18

2.5K 194 15
                                    

Namjoonအိမ်သို့ပြန်ရောက်လာသည်။သတိမေ့သွားသည်မှာသုံးရက်ထက်ပင်ပိုသည်။အခုတော့သတိရလာပြီ.....ဒါပေမယ့်

"Yoongi....ကိုယ်ဘယ်လိုလုပ်ရမလဲကွာ"

Namjoonညီးညူရင်းဘာဆက်လုပ်ရမှန်းလည်းသူမသိ.....သူသတိရလာတဲ့အချိန်မှာYoongiကိုသူ့မိဘတွေကပြန်ခေါ်သွားပြီ

သူအဲ့နေ့ကအပြင်ထွက်သွားတဲ့နေ့မှာတင်Jiminအမေကသူ့သားအိမ်ကခိုးထွက်တာမို့နောက်ကလိုက်ရှာရင်းJiminနဲ့Yoongiအတူရှိနေတာမို့ဖုန်းဆက်ကာYoongiအမေကိုပြောပြလိုက်ခြင်းဖြစ်သည်။Yoongiလည်းဘယ်လိုမှထွက်ပြေးလို့မရတော့တာမို့အိမမ်ကိုအရုပ်လေးတစ်ရုပ်လိုပါသွားခဲ့သည်။Namjoonဘာဆက်လုပ်ရမသိတော့

"Namjoonငါထိုင်းကိုပြန်တော့မယ်.....နောက်အပတ်ဆိုငါ့အမေစျာပနာပွဲ....ပြီးတော့Yoongiကိုနှုတ်ဆက်ပါတယ်လို့ပြောပေးပါ.....ငါမင်းကိုတကယ်ကျေးဇူးတင်ပါတယ်။ငါတို့တိုင်းပြည်တွေမတူညီကြပေမယ့်ထာဝရသူငယ်ချင်းပါ"

Forthပြောရင်းNamjoonအားဖပွ့ဖက်ကာနှုတ်ဆက်လိုက်သည်။Namjoonလည်းဝမ်းနည်းစွာနှုတ်ဆက်လိုက်ရသည်။Forthထွက်သွားတဲ့ကျောပြင်အားမျက်စိတစ်ဆုံးကြည့်နေမိသည်မှာအချိန်အတော်ပင်ကြာသည်။

"ငါမင်းကိုအမြဲသတိရနေမှာပါ"

"Namjoon"

Jinကအိမ်ထဲပြေးဝင်လာရင်းNamjoonကိုအလောတကြီးခေါ်လာသည်။

"Yoongiသူ့ကိုယ်သူသတ်သေဖို့လုပ်တယ်တဲ့....ငါJiminဆီကကြားတာ....အခုဆေးရုံမှာ"

"ငါ့ကိုလိုက်ပို့"

Namjonလည်းချက်ချင်းကုန်းရုန်းထကာအရူးတစ်ယောက်လိုအိမ်ပြင်ကိုပြေးထွက်ကာကားဆီဦးတည်လိုက်သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

"Yoongi......Yoongiဘယ်မှာလဲ"

Namjoonအသည်းအသန်Yoongiရဲ့အမေကိုမေးလိုက်သည်။

"နင့်ကြောင့်"

ပါးပြင်ပေါ်ပူခနဲဖြစ်သွားတဲ့အရှိန်ကြောင့်စိတ်မတိုဘူးဆိုNamjoonဘယ်ဟုတ်ပါ့မလဲ......

"ခင်ဗျား"

JinကYoongiအမေကိုရန်ရှာဖို့လုပ်တော့Namjoonကတားလိုက်သည်။

INNOCENT(comlplete)Where stories live. Discover now