5

3K 252 22
                                    

Namjoonတစ်ယောက်အတင်းမရမကစုံစမ်းကာအိမ်ကိုပြန်ပို့သည်။သူ့အိမ်ထိတော့လိုက်မပို့.....တော်ကြာသူ့သူငယ်ချင်းဂျပုလေးနဲ့တွေ့နေမှာစိုး၍ဖြစ်သည်။လမ်းထိပ်ထိသာလိုက်ပို့ကာ

"နောက်ခါအပြင်တွေလျှောက်မထွက်နဲ့.....မင်းကကျန်းမာရေးသိပ်ကောင်းတာမဟုတ်ဘူးကောင်းကောင်းနေ......ငါပြန်ပြီ...ဒီလောက်ဆိုကိုယ့်အိမ်ကိုပြန်တတ်တယ်မလား"

Namjoonပြောပြီးတာနဲ့Yoongiရဲ့အဖြေကိုစောင့်လိုက်သည်။

".........."

ဘာမှပြန်မပြောတာကြောင့်စိတ်ထဲတစ်မျိုးပင်.....ခေါင်းငုံ့ကာဆူပုတ်နေတဲ့ကောင်လေးကိုမေးဖျားကပင့်တင်လိုက်ကာ

"ငါပြောတာကြားရဲ့လား......နောက်ခါအပြင်အဲ့လိုလျှောက်မထွက်နဲ့လို့.....မင်းအရွယ်ကကလေးသာသာလေးပဲရှိသေးတယ်။နားလည်လား"

"သားကဦးယေးကြီးကိုနေ့တိုင်းတွေ့ချင်လို့ဟာ.....မရဝူး.....နေ့တိုင်းလာမှာ"

"ဘာကိစ္စလဲ....ငါကအလုပ်အားတဲ့ကောင်မဟုတ်ဘူး.....ကိုယ့်ဘာသာနေ....ရော့...ဆေးတွေ...ဆရာဝန်မှာတဲ့တိုင်းဆေးသောက်"

Namjoonလည်းYoongiလက်ကိုလှမ်းဆုပ်ကိုင်ကာသူ့လက်ထဲဆေးထုပ်ထည့်ပေးတော့သူ့လက်ကိုတင်းကြပ်စွာကိုင်လာတဲ့ကောင်လေး

"သေချာနားထောင်နော်......သားဘဝမှာဦးယေးကြီးတစ်ယောက်ကိုပဲရင်ခုန်ခဲ့မိတာ....အာ့ကြောင့်သားဦးယေးကြီးနားမှာကပ်တွယ်နေဦးမှာ"

(စကားပီအောင်ပဲဆက်ရေးမယ်.....မပီရတာများလာတော့ကျနော်လည်းလျှာတွေကခေါက်မုန့်ကျနေတာပဲ🙄)

Namjoonတစ်ယောက်သူ့ရှေ့မှာတလက်လက်တောက်နေတဲ့မျက်လုံးလေးနဲ့ကြည့်ကာပြောနေတဲ့ကောင်လေးကြောင့်သက်ပြင်းချရင်းလက်ကိုတွန်းဖယ်မိသည်။

"မင်းမသိဘူးလားကွာ.....ငါနဲ့မင်းကအသက်လဲကွာသလို...မင်းဆိုအသက်တောင်မပြည့်သေးဘူး....ပြီးတော့ငါလိုကောင်နဲ့အတူရှိတာဘယ်လောက်အန္တရာယ်များလဲသိလား"

Yoongiကသူ့ကိုနှုတ်ခမ်းလေးဆူကာမျက်ထုံပေနဲ့စိုက်ကြည့်နေသည်။

"မရဘူး....သားကိုပဲချစ်ရမယ်....သားလည်းအသက်ကြီးလာမှာ....."

"တော်စမ်းမင်းနားမလည်တာတွေအများကြီး.....အိမ်ပြန်တော့နောက်လဲထပ်တွေ့စရာမလိုဘူး"

INNOCENT(comlplete)Where stories live. Discover now