Namjoonဟိုကောင်လေးကိုအိမ်မှာတစ်ယောက်ထဲမထားခဲ့သင့်တာမို့ခေါ်လာလိုက်သည်။သူ့ကိုJinနဲ့ခဏထားခဲ့ကာသူကတော့အလုပ်ကိစ္စရှိတဲ့နေရာကိုဦးတည်လိုက်သည်။မြို့စွန်ကဂိုဒေါင်ပျက်ကြီးဆီမို့အနည်းငယ်အန္တရာယ်များလှသည်။ဒုစရိုက်လောကမှာတော့Namjoonလိုလူအင်အားမရှိပဲဂိုဏ်းကြီးတွေကိုနင်းချတာNamjoonတစ်ဦးသာရှိသည်။
ဂိုဒေါင်ပျက်ကြီးထဲဝင်လိုက်ကာ
"ငါရောက်ပြီ"
ခပ်သြသြအသံကအမှောင်ထုထဲလေထုကြားကပဲ့တင်သံအထပ်ထပ်နဲ့ဖြတ်သန်းသွားသည်။
"မင်းရောက်ပြီကိုး.....ပစ္စည်းကော"
လူသုံးလေးဆယ်လောက်သံစည်ပိုင်းတွေနောက်ကထွက်လာတယ်။မျက်နှာမှာကန့်လန့်ဖြတ်ဓားဒဏ်ရာနဲ့သူကသွေးအေးအေးဖြင့်Namjonရှေ့လျှောက်လာသည်။
"ပါတယ်။ပိုက်ဆံအရင်ပေး.....Mr.Forth"
Namjoonခပ်ပြတ်ပြတ်ပြောရင်းသူ့အိတ်ထဲကအနက်ရောင်ကတ္တီပါအိတ်လေးကိုထိုလူ့မျက်နှာရှေ့ဝေ့ယမ်းပြလိုက်သည်။
"မင်းထွက်တော့မပြေးပါဘူးနော်....ဟားဟား"
Mr.forthကပြောရင်းNamjoonဝေ့ယမ်းပြနေတဲ့ကတ္တီပါအိတ်ကိုယူဖို့လက်လှမ်းတော့Namjoonသူ့လက်ကိုနောက်ပြန်ဆုတ်လိုက်ကာ......
"ငါအဲ့လိုမလုပ်တတ်တာမင်းကောင်းကောင်းသိပါတယ်....Khunthala Wab monpinitharthar"
Namjonပြောရင်းမျက်ခုံးပင့်ပြလိုက်သည်။Mr.Forthလည်းခနဲ့ပြုံးလေးရီရင်း
"ငါထင်တာထက်.....မင်းကပိုနော်တာပဲ......ငါ့နမည်အရင်းဘယ်လိုတာလဲ"
"ပြောပြစရာမလိုပါဘူး.....အမှန်တော့မင်းသိစရာမလိုတာ......နောက်ပြီးငါ့ကိုနောက်ကွယ်ကနှောက်ယှက်နေတာတွေရပ်လိုက်ပါ။အရေးကြီးဆုံးကတော့ငါ့လမ်းမဲဆူးငြှေင့်ခလုတ်မဖြစ်စေနဲ့.....ငါကငါသွားမဲ့လမ်းကိုကောင်းကောင်းရှင်းတတ်လို့ပဲ Khunthala wab monpinitharthar"
Namjoonပြောရင်းထပ်မံပြုံးပြလိုက်သည်။တဖက်လူမျက်နှာပျက်နေတာမို့တစ်ချက်ပြုံးရယ်ကာ
"ပိုက်ဆံအမြန်ပေး.....ငါအလုပ်များတယ်။ပြီးတော့မင်းမကြာခင်မင်းရဲ့အမိမြေထိုင်းကိုပြန်ဖို့ငါမျှော်လင့်တယ်"
YOU ARE READING
INNOCENT(comlplete)
Romanceအဲ့ကလေးကလေ.....ဘာမှကိုမသိဘူး ငါစိတ်ရှိလက်ရှိလုပ်မိရင်တော့.....သေတော့မယ် ဘောင်းဘီထဲဘာဖွက်ထားတာလဲ......စုပ်လုံးအကြီးကြီးမလား....သားကိုမကြွေးချင်လို့မလား