16

2.5K 213 8
                                    

Namjoonတို့ညနက်သည်ထိသောက်ထားတာကြောင့်အတော်ဉာဥ့်နက်မှအိမ်ထဲဝင်လာကြတယ်။ဝရံတာမှာထွက်သောက်တာမို့အေးအေးဆေးဆေးပင်.....Forthကတော့သောက်ပြီးဆိုဖာပေါ်တက်အိပ်နေလေရဲ့

Namjoonအခန်းထဲဝင်လာရင်းYoongiနားဦးတည်လိုက်သည်။

"Yoongi....အိပ်နေပြီပေါ့....ချစ်လိုက်တာကလေးရယ်"

Namjoonတစ်ယောက်ထဲရေရွတ်ရင်းYoongiလည်ပင်းကိုနမ်းလိုက်သည်။

"အင်း...ဦးယေးကြီး"

နှာခေါင်လေးရှုံ့ကာနိုးလာတဲ့ကလေးကတစ်ခုခုအလိုမကျသလို.....

"အာ....ကိုယ်နှိုးလိုက်မိပြီလား"

Namjoonလည်းပြောရင်းနဖူးပြင်ကိုပွတ်သပ်ပေးတော့....သူ့လက်ကိုတွန်းဖယ်ကာတစ်ဖက်တိုးကပ်သွားတဲ့ကောင်လေး....ဘာဖြစ်တာပါလိမ့်

"ဘာလို့လဲ"

"အရက်နံ့ရတယ်....နံတယ်"

နှာခေါင်းလေးရှုံ့ရင်းသူအလိုမကျတာကိုဟန်မဆောင်ပဲပြောနေတဲ့ကလေးငယ်အားအသည်းတယားယား

"အင်း....ကိုယ်နည်းနည်းသောက်ထားလို့"

"အာ....စိတ်ညစ်တာရှိလို့လား"

အဲ့တော့မှ....မျက်နှာငယ်လေးနဲ့စိတ်မကောင်းသလိုမေးလာတဲ့ကလေး....

"ဘာကိစ္စစိတ်ညစ်ရမှာလဲ"

"သားငယ်ငယ်ကကြားဖူးတယ်။စိတ်ညစ်ရင်အရက်သောက်တယ်တဲ့"

Namjoonလည်းခေါင်းခါပြကာ

"စိတ်ညစ်စရာမရှိပါဘူး....ကိုယ်ကစိတ်အပန်းဖြေရုံပါ...အလုပ်တွေလုပ်ပြီးပင်ပန်းလို့...."

Yoongiလေးခေါင်းသာအသာငြိမ့်ပြသည်။Namjoonလည်းသူ့ဘေးဝင်လှဲကာYoongiကိုရင်ခွင်ထဲထည့်ရင်းနှစ်ယောက်လုံးလုံအောင်စောင်ခြုံလိုက်သည်။

"အရက်နံ့ရသေးလား"

"အင်း....ဒါပေမဲ့....ဦးယေးကြီးအကျီကရေမွှေးနံ့ရတယ်....ရေမွှေးနံ့နဲ့ဆိုတော့သိပ်မနံတော့ဘူး"

Namjoonလည်းသူ့အရက်နံကြောင့်ခေါင်းကိုက်တာတို့အန်ချင်တာတို့ဖြစ်မှာစိုးလို့ကုတင်ပေါ်ကဆင်းလိုက်ကာ

INNOCENT(comlplete)Where stories live. Discover now