Namjoonအခန်းထဲဝင်လာတာနဲ့ခုန်နေတဲ့ရင်ဘက်ကိုဖိလိုက်ကာ
"ငါဘာတွေလုပ်နေတာလဲ"
Namjoonတိုးတိုးရေရွတ်ရင်းဂဏာမငြိမ်ဖြစ်လာသည်။သူ့အနေနဲ့ဘာလို့လုပ်မိမှန်းတောင်မတွေးမိတော့
"ဒေါက်....ဒေါက်"
အခန်းတံခါးလာခေါက်တာကြောင့်ဖွင့်ပေးလိုက်သည်။Forthနဲ့Yoongiနှစ်ယောက်သားအခန်းထဲဝင်လာကာ
"အိပ်တော့မယ်နော်"
Forthကစပ်ဖြီးဖြီးပြောရင်းကုတင်ပေါ်တက်သွားသည်။
"သားလဲအိပ်တော့မယ်နော်"
Namjoonခါးသာထောက်ရင်းစိတ်ဖြေနေလိုက်သည်။
Forthကကုတင်ပေါ်ကနေNamjoonကိုစိုက်ကြည့်ကာ
"မအိပ်ဘူးလား"
"ငါဘာသာအိပ်ချင်မှအိပ်မှာပေါ့"
Namjoonပြောရင်းခပ်တည်တည်နှင့်အခန်းထဲကsofaပေါ်ထိုင်ကာဖုန်းသုံးနေလိုက်သည်။
"ခစ်...အဲ့တာဟိုမင်းသားမလား"
"အင်း....ချောတယ်နော်...ခစ်ခစ်"
"ဟုတ်ပ..."
"အဟမ်း.....အဟမ်း"
Namjoonတစ်ယောက်ကုတင်ပေါ်မှာပူးကပ်ကာဖုန်းတစ်လုံးကိုအတူကြည့်ကာပူးကပ်နေတဲ့အပြင်ဘယ်ကကောင်ကိုချောတယ်ပြောနေတာလဲမသိ။
"ဘာလို့လဲဦးယေးကြီး"
"ဘာမှမဟုတ်ဘူး.....လူသတ်ချင်လာမိလို့....မင်းမှာဖုန်းမရှိဘူးလား....ဘာလို့သူများဖုန်းလိုက်ကြည့်နေတာလဲပြီးတော့....ဘယ်ကကောင်ကချောတာလဲ"
"အော်....သားဖုန်းကအားသွင်းထားလို့..."
"အဲ့တာဆိုဘယ်ကောင်လဲချောတာ"
"ခင်ဗျားကသူ့အဖေလား.....သူ့ဘာသာဘယ်သူ့ကိုချောတယ်ပြောပြောပေါ့"
Forthကကြားကစိတ်မရှည်သလိုဝင်ပြောတော့Namjoonမျက်နှာပျက်သွားကာ....
"သူက....ငါ့ရဲ့....ငါ့ရဲအိမ်မှာလာနေတာမို့....မင်းကရောဘာမို့လို့လဲ"
"ဘာလဲမတွေ့ဘူးလား"
Forthကပြောရင်းYoongiခါးကိုလှမ်းဖက်ကာအိပ်တဲ့ပုံစံလုပ်မိသည်။Namjoonလက်ထဲကကိုင်ထားတဲ့ဖုန်းကိုနံရံဘက်ပစ်ခွဲလိုက်သည်။
YOU ARE READING
INNOCENT(comlplete)
Romanceအဲ့ကလေးကလေ.....ဘာမှကိုမသိဘူး ငါစိတ်ရှိလက်ရှိလုပ်မိရင်တော့.....သေတော့မယ် ဘောင်းဘီထဲဘာဖွက်ထားတာလဲ......စုပ်လုံးအကြီးကြီးမလား....သားကိုမကြွေးချင်လို့မလား