စနေနေ့မနက်ပိုင်းကျူ ရှင်ရှိသည်မို့ မနက်စောစောကတည်းကအဆောင်မှထွက်လာခဲ့သည်။
၉နာရီတွင်တစ်ပိုင်းနားပြီး၉ခွဲမှအတန်းပြန်စမည်ဖြစ်သည်။
စာမေးပွဲနားနီးလာ၍ကျူရှင်ချိန်များပိုယူနေရသည်။
နားချိန်တွင်လည်းအဆောင်မပြန်ဖြစ်။
ရှင်းအားနေရထိုင်ရမခက်နေစေချင်၍ဟိုညပြီးနောက်ပိုင်း
အတတ်နိုင်ဆုံးရှောင်နေပေးဖြစ်သည်။
ရှောင်နေသည်ဆိုသော်လည်းအလုပ်တော့မဖြစ်။မဖြစ်ဆို...ညတိုင်းတစ်ကုတင်တည်းအတူအိပ်ပြီး
မိုးလင်း၊မိုးချုပ်ဒီမျက်နှာတွေချည်းမြင်နေရတာကိုး။ရှင်းကတော့ဘာမှမဖြစ်ခဲ့သလိုပုံမှန်သာနေနေသည်။
ဆဲဆိုနေကြသူ့ပုံစံလေးလည်းပျောက်သွားကာခပ်တည်
တည်ပင်။အလွန်ဆုံးစကားပြောဖြစ်မှသုံးလေးခွန်းလောက်
သာ။ပြောတော့မှမနက်ကတည်းကခုထိမတွေ့ရသေးသော
မျက်နှာပေးလေးကိုလွမ်းလာသလိုလို။သူသည်လည်း
ပိတ်ရက်တွင် Pratical ရှိ၍ကျောင်းသို့သွားရသည်။
မနေနိုင်စွာ message ပို့လိုက်တော့တုံ့ပြန်မှုနတ္ထိ။
ဖုန်းပိတ်ကာဟိုငေးသည်ငေးထိုင်နေမိတော့
စာသင်ဝိုင်းမှကောင်မလေးတစ်ချို့ကကိုယ့်ဘက်ကို
လှည့်ကြည့်လှည့်ကြည့်နှင့်တီးတိုးစကားများဆိုနေသည်။
အာရုံမစိုက်ဖြစ်။ဤသည်ကထူးဆန်းသည်မဟုတ်။
ကျောင်းတွင်ရော၊စာသင်ဝိုင်းမှာပါအမြဲလိုလိုကြုံနေကြ။~ အိုခေလေ ငါလည်းသွားချင်နေတာနဲ့အတော်ပဲ ~
တိန်ခနဲ ဝင်လာသောပို့စာလေးကြောင့်ဟန်မဆောင်နိုင်၊
ပြုံးမိရသည်။သူသည်လည်းပုံမှန်အခြေအနေပြန်ရဖို့
ကြိုးစားနေသည်ထင်၊ထို့ကြောင့်ပင်ပိုကာသဘောကျပေးရ
ပါသည်။သင်ကြားပို့ချမှုများကိုခက်ခက်ခဲခဲအာရုံစိုက်နေရပြီးအချိန်များမြန်မြန်ကုန်ရန်ကြိတ်ဆုတောင်းနေရသည်။
ဘုရားစူး တစ်ကြိမ်တစ်ခါမှဤသို့မဖြစ်ဖူးပါ။ဒီဖြစ်တည်မှုလေးကငါ့ကိုကမောက်ကမဖြစ်စေတာတော့
အမှန်ပဲ...ချစ်ဖို့တော့ကောင်းတယ်။စာသင်နေရင်းပြုံးမိပြန်သည်။ဒီလူသားဟာ သူ့ထံမှလွင့်
လာသောအငွေ့အသက်တစ်ခုဖြင့်ပင်ကျွန်တော့်ကို
ပျော်ရွှင်စေသည်။
YOU ARE READING
CHEERLEADER (Completed)
Romanceကျွန်တော်တို့အားလုံးရဲ့ဘဝမှာ ကိုယ့်အပေါ်ကိုချစ်ခင်နားလည်ပေးမယ့်တစ်စုံတစ်ယောက်လောက်တော့ လိုအပ်ကြပါတယ်....။ (June 19,2020) ကျွန်တော်တို့အားလုံးရဲ့ဘဝမှာ ကိုယ့်အပေါ်ကိုချစ်ခင်နားလည်ပေးမယ့်တစ်စုံတစ်ယောက်လောက်တော့ လိုအပ်ကြပါတယ်....။ (June 19,2020)