Ep-47

197 11 1
                                    

မြောက်ဦးမြို့ "မဟော်စံအိမ်"

မဟော်စံအိမ်သည်ကား အခါများစွာထက်ပင်ငြိမ်သက်လွန်းနေသည်မှာ တစ်လခန့်ရှိနေပြီ။ပုံမှန်နေ့ရက်များတွင်
စောသီရိမဟော်၏ချွတ်နောက်နောက်ပုံရိပ်နှင့်အတူ ရယ်မောသံများအားကြားရစမြဲ။သို့သော်ဤတစ်လတာအတောအတွင်း စံအိမ်တွင်းရှိလေထုအနေအထားက
မူမမှန်စွာဆိတ်ငြိမ်နေခဲ့လျက်။
မနက်ခင်းအစောပိုင်းရှိမနက်စာဝိုင်းကလူသုံးယောက်ရှိပါသော်ငြားစကားသံတစ်စုံတစ်ရာထွက်မလာ။
တိတ်ဆိတ်ခြင်းကိုဖြိုခွဲလိုက်သူကမထင်မှတ်ထားစွာပင်
မိလုံး၏အကူအညီဖြင့်အိမ်အပေါ်ထပ်မှဆင်းလာကာ
ထမင်းစားခန်းထဲဝင်လာသော စောသိဂီင်္ပင်ဖြစ်လေသည်။

"အမေကြီး ဘာလို့ဆင်းလာတာလဲ"

စောသီရိမဟော်ကပြာပြာသလဲနှင့်တွဲကူကာအဘွားဖြစ်သူကိုသူမဘေးတွင်ထိုင်စေသည်။ဦးသူရမဟော်ကကော်ဖီခွက်ကိုချပြီး မိခင်ဖြစ်သူကိုကြည့်လာသည်။ဒေါ်မြတ်သောသီရိကလည်းထိုနည်းလည်းကောင်းပင်။

"မြေးကိုအမွေဖြတ်တာနဲ့တင်အားမရလို့ သူ့ဘဝကိုပါထပ်ပြီးဖျက်ဆီးချင်နေသေးတာလား"

မာထန်စွာထွက်ပြူ လာသောစောသိဂီင်္၏စကားကြောင့်
ဦးသူရမ​ဟော်​က အလိုမကျဟန်စကားဆိုမည်အပြု
ဒေါ်မြတ်သောသီရိကမျက်နှာရိပ်မျက်နှာကဲဖြင့်တားသည်။
စောသီရိမဟော်မှာမူ အခြေအနေကိုငြိမ်သက်စွာအကဲခတ်နေသည်။

စောသိဂီင်္ကစကားတစ်လုံးချင်းကိုအားယူ၍ထပ်ပြောလာ
သည်။

"မြေးက အမြဲတမ်းမင်းတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်ပေးခဲ့တာ သူ့မှာတွယ်တာစရာသူငယ်ချင်းမရှိခဲ့တာလည်းမင်းတို့အတင်းဖိအားပေးခဲ့လို့ပဲမဟုတ်လား မြေးငယ်ကသွက်သွက်လက်လက်ရှိလို့ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်ခဲ့ပေမယ့် မြေးကြီးကတော့အဲ့ကလေးတစ်ယောက်တည်းကိုပဲသံယောဇဉ်တွယ်ခဲ့ရှာတာ သူတို့နှစ်ယောက်အတူနေတော့ရောဘာဖြစ်လို့လဲ နှစ်ယောက်လုံးပိုက်ဆံရှာနိုင်ပြီး
သူတို့ဘဝကိုသူတို့ထူထောင်နိုင်ရင်ဟုတ်ပြီမလား
အဆင်ပြေပြေနေရင်ပဲဟုတ်ပြီလေ ဘာကိုဂုဏ်သိက္ခာတွေထည့်တွက်နေမလဲ"

CHEERLEADER (Completed) Where stories live. Discover now