ကိုကိုနဲ့ကျွန်တော်ကဝေဟင်နဲ့ရေပြင်လိုနီးစပ်ခွင့်မရှိ
ဒါပေမယ့်လေ ရေငွေ့ပျံပြီးတိမ်တိုက်လေးဖြစ်မယ့်နေ့ကို
မျှော်လင့်နေမိတယ်..။အနည်းဆုံးအရင်လိုဂရုစိုက်မှူသေးသေးလေးပဲဖြစ်ဖြစ်
စွန့်ကြဲလို့မရဘူးလားဟင်..ကိုကို။ဒီအတောအတွင်းအသက်ရှူ နေရတာတောင်မှလေ
သိပ်ပင်ပန်းလွန်းနေသလိုပါပဲ။အနားမှာတည်ရှိနေခဲ့တဲ့နွေးထွေးမှုကလေးကပျောက်ကွယ်သွားတဲ့အခါ အေးစက်ခြင်းတွေမှာအသားမကျခဲ့ပုံ
ပါပဲ။ကိုကိုသိပ်မက်မောတဲ့မိန်းမက
ကိုကို့အပေါ်ဂရုစိုက်ပေးနေတော့သိပ်ပျော်နေမှာပေါ့
ကျွန်တော့်မှာတော့ကိုကို့ကိုမြတ်နိုးလွန်းလို့ ပလ္လင်ပေါ်တင်
ကိုးကွယ်ထားချင်ပေမယ့်ငေးကြည့်ရုံပဲတတ်နိုင်တဲ့ခါ
ကိုကိုကကျွန်တော့်အစား ပျော်နေပေးပါ
ကျွန်တော့်နှလုံးသားကိုနင်းချေပြီးဖြစ်ဖြစ်ပေါ့...။ငယ်...တဲ့
အင်း အဲ့ဒီနာမ်စားကို ကိုကို့ရှေ့အမှတ်တမဲ့ဖွင့်ဟမိခဲ့တယ်
ကျွန်တော်ကပျော့ညံ့တဲ့ကောင်လေးလို့မမြင်စေချင်ဘူး
ကိုကို့ရှေ့ရောက်တဲ့အခါခြေမခိုင်ဘဲခွေလဲကျရတဲ့ယုန်သူငယ်လေးဖြစ်သွားတာတော့အခက်သားဗျာ။ကိုယ်မြတ်နိုးရတဲ့သူနားမနေချင်တဲ့သူလို့ရှိပါ့မလား
ရှိရင်လည်းအဲ့စာရင်းထဲ မိုးသားငယ်ဆိုတဲ့ကောင်ကိုဖယ်လိုက်...ကျွန်တော်ကတော့ကိုကို့နားပဲနေချင်တာ.၊ဒါပေမယ့်လည်းလေ ကိုကိုပျော်မယ်ဆိုကျွန်တော်ကအသာတကြည်လွှတ်ပေးလိုက်မှာပါ။
တိတ်တိတ်ကလေးကြေကွဲနေတာကိုတောင်ကိုကို့ကို
ထုတ်မပြချင်ပါဘူး။ကျွန်တော့်ကြောင့်ကိုကိုစိတ်ပင်ပန်းမှာစိုးတယ်။
ကျွန်တော့်ရဲ့နာကျင်မှုတွေကို ကိုကို့ကိုပေးမသိစေချင်ဘူး။"မင်းအလှည့် "
လက်ထဲရောက်လာသောဂစ်တာကိုကြောင်အအနှင့်ပွေ့ပိုက်ရင်း အတွေးယဉ်ကြောထဲမှရုန်းထွက်မိသည်။
ရှေ့တွင်ထိုင်နေသောကိုကိုတို့စုံတွဲကိုငေးရင်းအတွေးနယ်ကျွံသွားပုံပင်။ဟောထဲတွင် အခမ်းအနားအတွက်ပြင်ဆင်ပြီး၍အားလုံးစုထိုင်ကာသီချင်းဆိုသည့်သူကဆို၊လက်ခုပ်တီးသူကတီးမြိုင်နေသည်တွင် ရင်ကွဲနာကျနေသောကျွန်တော်သာငူငိုင်နေခြင်း။
YOU ARE READING
CHEERLEADER (Completed)
Romanceကျွန်တော်တို့အားလုံးရဲ့ဘဝမှာ ကိုယ့်အပေါ်ကိုချစ်ခင်နားလည်ပေးမယ့်တစ်စုံတစ်ယောက်လောက်တော့ လိုအပ်ကြပါတယ်....။ (June 19,2020) ကျွန်တော်တို့အားလုံးရဲ့ဘဝမှာ ကိုယ့်အပေါ်ကိုချစ်ခင်နားလည်ပေးမယ့်တစ်စုံတစ်ယောက်လောက်တော့ လိုအပ်ကြပါတယ်....။ (June 19,2020)