Ep-26

237 12 0
                                    

"ခြေထောက်သက်သာရဲ့လား ညီ "

"ညကဒဏ်ရာအရှိန်ကြောင့်နည်းနည်းကိုက်ပေမယ့်
အဆင်ပြေပါတယ် "

"သွားရအဆင်မပြေတဲ့ကြားထဲဘာတွေသယ်လာပြန်တာတုန်း ကောင်လေးရ "

"အစ်ကိုက ပေါင်မုန့်ကြိုက်တယ်မလား အဲ့ဒါစားရအောင်
ယူလာတာ "

"ညီရာ "

ဒီကောင်လေးကိုတော့ပြောမနိုင်တော့။
ခရီးစဉ်စကတည်းကပင်အပိုဖြစ်နေသောလက်ဆွဲအိတ်တစ်ခုလုံးကကျွန်တော်ကြိုက်သောပေါင်မုန့်ပါကင်ထုပ်များပင်ဖြစ်ပါသည်တဲ့။ယခုလည်းကမ်းခြေကိုမျက်နှာမူကာဆောက်ထားသောခုံတန်းတွင်ထိုင်ကာ ညီသည်ပေါင်မုန့်များကိုကျွန်တော်အဆင်သင့်စားရရေးအတွက်လုံးပမ်းနေရှာ
သည်။ပြီးမှကျွန်တော့်ဆီကမ်းပေးလာကာ

"အစ်ကို စား " ဟုညီ့မူပိုင်ချစ်စဖွယ်အပြုံးတစ်ခုနှင့်ဆိုသည်။သူစိတ်ကျေနပ်စေရန်တစ်ကိုက် ကိုက်လိုက်ပြီးမှ

"ပေါင်မုန့်မြင်တော့ မင်းသူငယ်ချင်းကိုတောင်သတိရသွား
တယ် ကိုယ်တို့ညီအစ်ကိုကအစပ်မစားနိုင်ဘူးလေ
အချိုဆိုသိပ်ကြိုက် "

"အစ်ကိုတို့ကျတူတာတွေသိပ်များတာပဲဗျာ "

"ဟောဗျာ အမွှာလေးကအဲ့လိုပြောတော့ "

"ကျွန်တော်တို့ကအမွှာပေမယ့် စက္ကန့်ခြားပြီးတစ်နာရီတည်း၊တစ်နေ့တည်းမွေးရုံပဲ ကျန်တာဘာမှမတူဘူး
ရုပ်ရော၊အကြိုက်ချင်းရော တခြားစီပဲ "

"တူပါတယ်ညီရ လဝန်းလေးရော ညီရောချစ်ဖို့ကောင်းကြ
တယ် "

ချစ်ဖို့ကောင်းကြတယ် ဟူသောအသုံးအနှုန်းတွင်
ညီကားမဲ့၏။
ဘယ်လိုကောင်လေးမှန်းမသိ ၊ ချစ်ဖို့ကောင်းသည်ဟူသောအသုံးသည်သူနှင့်မအပ်စပ်ဟုမှတ်ယူသူ။
တစ်နည်းအားဖြင့်ဆွဲဆောင်မှုရှိကာယောက်ျားဆန်သည့်
ဟန်ပန်မျိုးကိုသာအလိုရှိသူပါပင်။

နေရောင်စူးရှရှက ညီ့မျက်လုံးတည့်တည့်ကိုကျရောက်နေသည်မို့ အလိုအလျောက်ပင်လက်ဖြင့်ကာပေးမိသည်။
ထိုအခါဘေးချင်းယှဉ်ထိုင်နေရင်းမှညီသည်ကျွန်တော့်ကို
မော့ငေးကြည့်ပါ၏။ရွေ့လျားသွားသောနေရောင်ကိုပင်
လိုက်လံကာပေးပြန်သည့်အခါညီသည်နှစ်နှစ်ခြိုက်ခြိုက်
ပင်ပြုံးသည်။

CHEERLEADER (Completed) Where stories live. Discover now