Ep-3

509 33 2
                                    

"သင်္ချာစွမ်းရည်​ပြိုင်​မဲ့သူ​တွေ လဝန်းငယ်​ဆီမှာစာရင်း​ပေး
ထားကြ​နော်​"

လဝန်းငယ်​ကိုပါလှမ်းမှာပြီးဆရာမထွက်​သွား​တော့

"လဝန်း ဟဲ့ လဝန်း"

"သားရှင်း ပြိုင်​မှာလား စာရင်း​ရေး"

"မဟုတ်​ဘူး မ​ရေးနဲ့မ​ရေးနဲ့ မပြိုင်​ဘူး ​​ဘောပင်​တစ်​​ချောင်း
လောက်​ငှါးလို့ ဒီမှာမှင်​ကုန်​သွားလို့"

"​အော်​ ငါ့နှယ်​ ​ရော့​ရော့ ပြိုင်​ရမှာအဲ့​လောက်​​ကြောက်​ရလား"

လဝန်းငယ်​ဆက်​​ပြောတာကိုမကြားချင်​​ယောင်​​ဆောင်​ကာ
စာစီစာကုံး​ခေါင်းစဉ်​​လေးတပ်​လိုက်​တယ်​။အတန်း​ခေါင်း
ဆောင်​ဆိုပြီးသိပ်​ဆရာလုပ်​ချင်​​သော သူမပါပင်​။ဘေးက
လူကိုကြည့်​လိုက်​​တော့ တစ်​မျက်​နှာ​ကျော်ပင်​​ရေးပြီး​နေပြီ

မြန်​လိုက်​တာ ဒီ​ကောင်​လက်​ကစက်​တပ်​ထားတာလား။
လက်​​ရေး​တွေကဝိုင်းစက်​ပြီးလှ​နေတာများ လူ​ကောင်​ကြီး
နဲ့မှမလိုက်​။ ဟုတ်​တယ်​​လေ အသက်​က၁၄နှစ်​ အင်း
၈တန်းဆို​တော့ ၁၄နှစ်​​လောက်​ရှိမှာ​ပေါ့ လူကထွား​နေတာများ ​ကျောင်းက၁၀တန်းအကိုကြီး​တွေနီးပါးရှိသည်​။

ချော​မော​သောမျက်​နှာပြင်​နှင့်​ ကျစ်​လျစ်​​နေ​သောကြွက်​သား
တွေက ကျွန်​​တော့ကို​လှောင်​ရီပြ​နေသလိုပဲ။အဲ့ပြီး သူ့
အသားအ​ရေက ဖြူတာလည်းမဟုတ်​ဘဲ ဝင်းတဲ့ဘက်​ကို
သွားကာ မဟာဆန်​​နေပြန်​သည်​။ ရခိုင်​​တွေကသိပ်​ခန့်​ညား
တာပဲ။ ဥပမာ ​နေတိုးပဲကြည့်​​။

ကျွန်​​တော်​လား လူကပိန်​​သေး​သေး၊အရပ်​က​တော့ဟို​ကောင့်​ထက်​ ၃လက်​မ​လောက်​ပဲတိုတာပါ။ မမိုက်​ဘူး
ဗျာ။ ဒီ​ကောင်​ကဘာလို့အရာရာမှာကျွန်​​တော့်​ထက်​သာ
နေတာလဲ။

ချီးထဲမှ!!!စာစီစာကုံးကိုဘယ်​ကစပြီး နိဒါန်းပျိုးရမလဲမသိ
တော့။

>>>>>>>>

"သား မ​ဟော်​"

အိမ်​ထဲဝင်​ဝင်​ချင်း ဧည့်​ခန်းမှာထိုင်​​နေတဲ့​ဖေ​ဖေ့အသံ​ကြောင့်​ အနားသွားကာ

CHEERLEADER (Completed) Where stories live. Discover now