ရေးကြီးသုတ်ပြာနဲ့အိမ်ကိုပြန်လာပေမဲ့လည်း နားထဲမှာ ကြားယောင်နေတဲ့ စကားကတော့
'ငါးနာရီအတိဆိုတာနဲ့အိမ်ပြန်ရောက်ရမယ် ဘာအကြောင်းပြချက်နဲ့မှ နောက်ကျလို့မရဘူး'
ကျွန်တော့ကိုအရမ်းကိုနိုင်စားလွန်အားကြီးတဲ့ ချာတိတ်လေးတစ်ယောက်
ချမှတ်ထားတဲ့စည်းကမ်းလေးထဲကတစ်ခုပေါ့။နာရီကိုကြည့်လေ ကြည့်လေ အချိန်တွေက ကုန်မြန်လေဘဲ 6 နာရီတောင်ခွဲတော့မယ်။
အိမ်နားရောက်လာလေ ခြေလှမ်းတွေက လေးလံလာပြီး အိမ်တောင်မပြန်ချင်တော့ဘူး။
လှည့်ပြန်ဖို့လုပ်လိုက်တဲ့အချိန်မှာဘဲ လက်ကိုဖမ်းဆွဲခံလိုက်ရသည်။
"ဒါကဘယ်ကိုပြေးမလို့လဲ"
အိမ်မပြန်ဘဲ တစ်နေရာသွားခိုဖို့လုပ်ထားတာ အခုတော့ အစီအစဉ်ကပြောင်းသွားပြန်ပြီ။
ရှိသမျှသွား 32 ချောင်းကိုဖြဲပြလိုက်ပြီးမျက်နှာချိုသွေးလိုက်သည်။
"မပြေးပါဘူး အိမ်ကိုဘဲပြန်မလို့ပါ ဘာကိစ္စနဲ့ ဒီကိုရောက်နေတာလဲ ရတု ဘာလဲ နိုင်းကိုလာကြိုတာလား"
ပြောင်ချော်ချော်လုပ်နေတာကြောင့် ရတုတစ်ယောက် ဒေါသတွေထွက်လာပြီ လမ်းမမှာမို့လို့သီးခံနေတာ။
"နောက်မကျပါနဲ့လို့ပြောတာကိုနောက်ကျရဲတယ်နော် သတ္တိတွေသိပ်ရှိနေတယ်ပေါ့"
"ကြောက်သွေးပါရင် ဖောက်ထုတ်လိုက်မယ် နိုင်းတို့က ဘယ်သူ့ကိုမှမကြောက်တာ"
အပြင်မှာမို့လို့ အသံကစာနေတာ။ အိမ်မှာသာ ဒီလေသံနဲ့ပြောကြည့် အရိုးကျိုးတဲ့ထိရိုက်ခံရမှာ။
"အိမ်ရောက်မှဒီကိစ္စရှင်းမယ် မြန်မြန်လိုက်ခဲ့စမ်း"
သူနဲ့ခပ်လှမ်းလှမ်းကွာကွာမှာ လျှောက်နေတာကြောင့် လှမ်းအော်နေပြန်သည်။
"အေး အခုမှကြောက်နေ အိမ်ရောက်ရင်တော့ နာပြီမှတ်"
"ဘာလို့ကြောက်ရမှာလဲ စိတ်တိုနေတာသိလို့ အလိုက်တသိနဲ့ ခပ်ကွာကွာနေပေးနေတာကို"