cigarette🚬U

11K 172 21
                                    

ကျွန်တော့မှာ ငယ်ငယ်လေးထဲ တိတ်တခိုးချစ်ရတဲ့လူတစ်ယောက်ရှိခဲ့တယ်။သူ့နာမည်က တိမ်တိုက်တဲ့။ ကျွန်တော့ထက် 6 နှစ်တောင်ကြီးတာ။ကျွန်တော့်အိမ်နဲ့‌ နောက်ကျောချင်းကပ်ရပ်အိမ်ကပေါ့။

အဲ့ဘဲကြီးကိုကျွန်တော် ဒဲ့ကြွေတာ။သူရဲ့ ပြောပုံဆိုပုံ အမူအကျင့်နဲ့ ကျစ်ကန်ကန်နေတတ်တဲ့ပုံစံ၊ဆိုးပေပေပုံစံလေးကိုကျွန်တော်အရမ်းကြွေခဲ့တာ။‌

အရမ်းကြွေတယ်သာပြောတာ သူနဲ့တွေ့လာတာ 8 နှစ်ကျော်ပြီ တစ်ခါမှ စကားမပြောရဲဘူး။ သူရှေ့လဲ ဖြတ်တောင်မလျှောက်ရဲဘူး။အ‌‌ဝေးက‌ နေဘဲ‌ ငေးကြည့်လာတာ တော်တော်လေးကိုကြာနေပြီ။တစ်ခုတော့‌ကျွန်တော်ကောင်းကောင်းကြီးသိတယ် cigarette အရမ်းကြိုက်တာ။ သူသောက်တဲ့ cigarette တံဆိပ်တွေကိုလည်း ကျွန်တော်လိုက်မှတ်ထားတယ်။ကျွန်တော်လည်း သူနဲ့အကြိုက်တူအောင်အမြဲလိုက်သောက်နေကြ။

ဒီနေ့က Sunday ဆိုတော့ JJ bar မှာ သူထိုင်မှာ။သေသေချာချာလေ့လာထားတော့ ဘယ်နေ့ ဘယ်မှာ သူအချိန်ဖြုန်းတတ်လည်းဆိုတာကအစ အကုန်သိနေပြီ။

ထုံစံတိုင်းပေါ့ သူခိုးလိုလိုကြမ်းပိုးလိုလိုပုံစံနဲ့ hoodie အမဲရောင်နဲ့ဦးထုပ်ကိုငိုက်ငိုက်စောင်းကာ သူ့‌နောက်လိုက်ရအုန်းမယ်။

At JJ Bar,

"ပျော်လိုက်တာ ဒီနေ့တော့ အရောင်တူတူဝတ်ထားတာပါလား ဒီနေ့တော့ထူးထူထူးဆန်းဆန်းဘဲ ကနေလို့ပါလား"

အမဲရောင်ဝမ်းဆက်နဲ့အသားဖြူဖြူ tattoo အပြည့်ကောင်လေးက ကနေတဲ့သူတွေကြားထဲမှာထင်းနေလို့။

"မိုက်လိုက်တာ ဒီနေ့ fashion ကိုတော့ကြွေပြီ"

Bar ကိုရောက်နေတာဆိုတော့လည်း ဘီယာလေးတစ်ခွက်မှမသောက်ရင်ဘယ်ကောင်းမလဲ။ဒီ‌အဲ့‌တော့ ဘီယာလေးတစ်ခွက်မှာပြီး အပေါ်ထပ်က ထိုင်ခုံတစ်ခုံမှာ feel လေးအပြည့်နဲ့ထိုင်နေတာပေါ့။

အမျိုးသမီးတစ်ဦးရဲ့ဆွဲခေါ်ခြင်းကိုခံရတဲ့တိမ်တိုက်။

"အဲ့မိန်းမကဘယ်သူလဲ ဘာဆိုင်လို့ ကိုကို့ကိုဆွဲခေါ်သွားရတာလဲ"

"ဟာကွာ ဘာကြီးလဲဟာ မဟုတ်မလွဲ ကိုကိုရည်းစားရနေတာလား မဟုတ်နဲ့နော် ဟုတ်လို့လဲမရဘူး"

One Shot (Punishment Type)Where stories live. Discover now