"ဘာလို့ ဟွန်းကို အသေတီးနေတာလဲ ဘေးပတ်ဝန်းကျင်ကိုလည်းအားနာအုန်းလေ"
ဘုမသိဘမသိနဲ့တံခါးဖွင့်ရင်းအော်သာအော်လိုက်တာ။အနားကို ရောက်တော့မှကိုကိုရဲ့မျက်နှာထားကအရမ်းကိုတင်းမာနေပြီး စိတ်တိုပြီးဒေါသတွေအရမ်းကိုထွက်နေတဲ့ပုံစံကိုတွေ့တယ်။
"မင်းနဲ့ချိန်းထားတာဘယ်အချိန်လဲ"
မျက်နှာအရိပ်အခြည်တွေ့တော့မှဘဲ လေသံကိုလျှော့လိုက်ရတယ်။
"8 နာရီပါ ကျွန်တော်သိပါတယ်"
"ကားပေါ်တက်စမ်း"
"ကျွန်တော် မျက်နှာတောင်မသစ်ရသေးဘူး"
ပုံစံကိုကြည့်လိုက်တာနဲ့ အခုမှ အိပ်ယာကထလာကြောင်းသိသာနေသည်။
"တောက် စောစောစီးစီးအချိုးကိုမပြေဘူး"
တောက်ခံသံကျယ်ကြီးနဲ့တူတူ ဒေါသမာန်နဲ့ပြောလိုက်တဲ့ စကားကြောင့်လူက ကြက်သီးတွေတောင် တစ်ဖြန်းဖြန်းထသွားတယ်။
"တက်စမ်း ဘာမှ အထွန့်မတက်နဲ့"
ရုပ်သေးရုပ်ပမာ ကားပေါ်မှာ မဝင့်တဝင့်လေးဝင်ထိုင်ပြီးတော့မှ ကားကိုဒုန်းစိုင်းပြီးမောင်းသွားလေသည်။
ခေါ်ဆောင်သွားတဲ့နေရာကိုကျွန်တော်မသိဘူး ဒီနေရာကိုလည်းတစ်ခါမှမရောက်ဖူးသလိုကိုကိုလာတာလည်းတစ်ခါမှမတွေ့ဖူးဘူး။
"ရောက်ပြီ ဆင်းတော့"
ဆိတ်ငြိမ်ရပ်ကွက် တစ်ခုမှာရှိတဲ့ လုံးချင်းအိမ်တစ်အိမ်ဘဲ။
"ဆင်းလေ"
"ဟု....ဟုတ်"
ကိုကိုကတော့အိမ်ထဲအရင် ဝင်သွားပြီးကျွန်တော်ကတော့ ဟိုကြောင်ကြည့်ဒီကြောင်ကြည့် အူတူတူနဲ့ဘဲ အိမ်ထဲဝင်လိုက်သည်။
"နှေးတိနှေးတုံ့နဲ့ မကြိုက်ပါဘူး လူငယ်ဘဲ ဖျက်ဖျက်လက်လက်ဖြစ်ရမှာပေါ့"
"ဟုတ် ဟုတ်"
ထိုင်ခုံတစ်ခုပေါ်မှာထိုင်မယ်လုပ်လိုက်တော့.....
"ဘယ်သူ့ခွင့်ပြုချက်နဲ့ထိုင်မလို့လဲ"
နှစ်တွေအကြာကြီးနောက်ကနေတစ်ကောက်ကောက်လိုက်လာလို့လားမသိဘူး။အလိုလိုကိုဘာမှန်းမသိကြောက်နေတယ်။