Part 7 (U+Z)

637 98 3
                                    

Unicode

" Metanoia "တဲ့

သိပ်လှတဲ့အဓိပ္ပါယ်တွေရှိတယ်။

ကြောက်ဖို့လည်းကောင်းတယ်။

အပြောင်းအလဲတစ်ခုပေါ့ ,
တစ်စုံတစ်ယောက်ရဲ့နှလုံးသား ဒါမှမဟုတ်
သူ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေမယ့်
အပြောင်းအလဲတစ်ခု။

ရှောင်ကျန့်ကဒီစကားလုံးနဲ့သူ
သက်ဆိုင်လာလိမ့်မယ်
လို့ဘယ်တုန်းကမှမတွေးဖူးဘူး။

သူကတစ်စုံတစ်ယောက်ရဲ့
ဘဝအတွက်အပြောင်းအလဲ
တစ်ခုဖြစ်ပေးရမယ်ဆိုတာမျိုးကအတွေးနဲ့တင်
သူ့ကိုခေါက်ခနဲသေသွားစေနိုင်ဖူးတယ်။

ဒါပေမယ့်ဘဝကငါတို့ကိုဘယ်တုန်းကများ
ရွေးချယ်ခွင့်ပေးခဲ့ဖူးလို့လဲ။

ဘယ်တုန်းကမှ မပေးခဲ့ဖူးဘူး မဟုတ်လား။

ရိပေါ်ပြန်သွားပီးနောက်နေ့တွေမှာရှောင်ကျန့်က
အလုပ်ပီးလို့အိမ်ပြန်ရောက်ရင်
သီချင်းတွေရှာလေ့ရှိတယ်။

ပီးရင် Note ထဲမှာအဆင်ပြေတာလေးတွေရွေးမှတ်
တယ်။

Chordsတွေလည်းရှာထားတယ်။
သူအရမ်းကြိုးစားလွန်းနေတာမဟုတ်ပါဘူး။

ဒီလိုပဲ အင်း ဒီလိုပဲ ဝမ်ရိပေါ်လာရင်
အလွယ်တကူတီးလို့ရအောင်ပါ။

နေဦး သူဝမ်ရိပေါ်တီးတာကိုနားထောင်ချင်လို့လည်း
မဟုတ်ရပါဘူး။

ဝမ်ရိပေါ်ကိုသူပေးထားတဲ့ကတိကိုတည်ချင်ရုံပါ။

"ရှောင်ကျန့်ရေ အရှေ့မှာပစ္စည်းရောက်နေတယ်
ထွက်ယူဦး"

သူဘာမှလည်းမမှာထားမိပါဘူး။
အလုပ်လုပ်တာကိုခဏရပ်လိုက်ပီး
ထွက်ယူဖို့ပြင်လိုက်တယ်။

Deliverလာပို့တဲ့ကောင်လေးက
ကြွတ်ကြွတ်အိတ်
အကြည်လေးတစ်ခုနဲ့
စာလေးတစ်စောင်ကိုပေးတယ်။

အိတ်ကအကြည်ရောင်မို့အထဲကဘာလဲ
သူမြင်နေရတယ်။

ပူပူနွေးနွေးကော်ဖီတစ်ခွက်နဲ့ sandwich လေး နှစ်ခု

ကစာရွက်ခေါက်ကိုအမြန်ဖြန့်ကြည့်လိုက်တယ်။

"နေ့လည်စာ မစားရသေးရင် စားလို့ရအောင်
ဒီနားရောက်တုန်းပို့ပေးလိုက်တာ စားပီးသွားရင်
လည်းအဆာပြေစားလိုက်ပါ။ plectrum ကတော့
လက်ဆောင် ဟိုနေ့ကရှာမတွေ့လို့။ကျွန်တော်
တိုက်ခန်းနားမှာစောင့်နေမယ် အလုပ်ကပြန်လာရင်
တွေ့ရအောင်"

° ᴵᶠ ᴵ ᴴᵃᵈ ᴬ ᶜʰᵃⁿᶜᵉ °Where stories live. Discover now