တနင်္လာနေ့ရုံးပြန်တက်တော့ စနေနေ့ကဖြစ်ခဲ့တဲ့
ကိစ္စတစ်ချို့ကို သူ့စိတ်ထဲမရှိတော့ဘူးမေ့သွားတာမျိုးမဟုတ်ပေမယ့် မတွေးဖြစ်တော့တာ
ရှောင်ကျန့်ကBus နဲ့ ရုံးမလာဖြစ်တာကြာပီမို့
နည်းနည်းကသိကအောက်ဖြစ်တာကလွဲရင်
ကျန်တာသူ့အတွက်ဘာအနှောင့်ယှက်မှ
မဖြစ်ပါဘူး။"သူလား ?"
"ဟုတ်တယ် သူပဲ"
အလုပ်လုပ်နေရင်း ဧည့်သည်ရောက်တယ်ဆိုလို့
ရှောင်ကျန့်ပြာပြာသလဲပြေးသွားလိုက်ရတယ်။ဧည့်တွေ့ခန်းထဲရောက်တော့ အဖြူရောင်Hoodie
ကိုခေါင်းစွတ်ပါစွတ်ထားပီး ဂျင်းဘောင်းဘီအပြာနဲ့
မတ်တပ်ရပ်နေတဲ့လူတစ်ယောက်ကိုသူမြင်တယ်။"ကျွန်တော့်ကိုတွေ့ချင်တယ်ဆိုလို့
ဘယ်သူလဲမသိဘူး"Hoodieကခေါင်းစွတ်ကိုခေါင်းပေါ်ကဖယ်ရင်း
သူ့ဘက်လှည့်လာတဲ့လူကိုမြင်လိုက်တော့
ရှောင်ကျန့်နေရာမှာတင်တောင့်သွားတယ်။ဟုတ်တယ် အဲ့ဒီလူပဲ ဒီလောကကြီးထဲက
အသည်းအသန်ပျောက်ကွယ်သွားချင်ပါတယ်
ဆိုတဲ့သူ။သူကဘယ်လိုလုပ်ရှောင်ကျန့်ဆီရောက်လာရတာလဲ။
ပီးတော့အဲ့ဒီနေ့ကသူ့ရှေ့ကတစ်ယောက်ရဲ့
ပုံစံကတော်တော်လေးဆိုးရွားနေလို့သာ
သူသတိမထားမိပေမယ့်
ခုလိုမြင်လိုက်ရတော့တော်တော်ငယ်ဦးမယ့်ပုံပဲ။တော်တော်လေးကိုငယ်ဦးမှာ။
အများဆုံးရှိ ၂၃, ၂၄ပေါ့ဒီလိုလူငယ်လေးက ဘာတွေများဖြစ်ခဲ့လို့
ကားရှေ့တောင်ပြေးဝင်ရတာတဲ့လဲ။"ကျွန်တော့်ကိုမှတ်မိတယ် မလား"
"အင်း မှတ်မိတယ်"
"ကျွန်တော် ခင်ဗျားနဲ့စကားပြောလို့ရမလား"
"ငါနဲ့ ?"
"အင်း"
"ငါ့ကိုဘာပြောစရာရှိလို့လဲ"
"ပြောလို့မရဘူးဆိုလည်းနေတော့"
"မဟုတ်ပါဘူး မဟုတ်ပါဘူး ရပါတယ်
ဒါပေမယ့် ခုကငါအလုပ်လုပ်ချိန်ကြီး"
YOU ARE READING
° ᴵᶠ ᴵ ᴴᵃᵈ ᴬ ᶜʰᵃⁿᶜᵉ °