Unicode
လောကကြီးထဲကပျောက်ကွယ်သွားချင်နေတဲ့
လူတစ်ယောက် မဟုတ်သေးဘူး
ပျောက်ကိုပျောက်ကွယ်သွားရမယ့်
လူတစ်ယောက်ကို ရှင်သန်နေထိုင်ရခြင်းက
တန်ဖိုးရှိတဲ့အကြောင်းတွေတွေးတတ်လာအောင်
သူဘာတွေများလုပ်သင့်လဲကိုယ်တိုင်တောင်လူဖြစ်လာလို့သာ
တာဝန်အရနေ့ရက်တွေကိုဖြတ်သန်း
နေသလိုဖြစ်နေတဲ့အခါ
အဲ့ဒီချောက်နက်နက်ထဲက
လူတစ်ယောက်ကိုသူကဘယ်လို
ဆွဲထုတ်ပေးနိုင်မှာတဲ့လဲရှောင်ကျန့်ကအရင်လိုရိုးရိုးစင်းစင်းအတွေးတွေ
မတွေးနိုင်တော့ဘူး။
သူ့ဦးနှောက်ကိုအများကြီးအလုပ်ပေးနေရတယ်။သူတတ်နိုင်သလောက် အဆုံးစွန်ထိ
နေ့နေ့ညညစဉ်းစားပီးတာတောင်
သူဘာလုပ်ပေးရင်ရနိုင်မလဲ ဆိုတဲ့အဖြေမျိုးထွက်မလာတာ
သေချာနေတယ်။အမှန်တိုင်းပြောရရင် သူကစိတ်ရောဂါကု
ဆရာဝန်တစ်ယောက်လည်းမဟုတ်ဘူး။
နှစ်သိမ့်ပေးတတ်တဲ့လူမျိုးလည်းမဟုတ်သလို
တခြားတစ်ယောက်ကိုဖေးမပေးတတ်တဲ့
လူမျိုးလည်းမဟုတ်ဘူး။ရှောင်ကျန့်ကသာသူနဲ့ဝမ်ရိပေါ်
စကားပြောပီးတဲ့နေ့ကတည်းက
ဒီလိုမျိုးရူးကြောင်ကြောင်တွေဖြစ်နေပေမယ့် ကူညီပေးပါလို့ပြောခဲ့တဲ့သူကတော့
သုံးရက်မြောက်တဲ့နေ့ထိပေါမလာခဲ့ဘူး။သူဒါကြောင့်ပဲစိတ်နည်းနည်းအေးနေမိတယ်။
ပီးတော့နောက်ထပ်ပေါ်မလာရင်
ကောင်းမယ်လို့လည်း
ကြိတ်ဆုတောင်းရတယ်။သူတစ်ကယ်ပဲအဲ့ဒီကောင်ငယ်လေးကို
ဘယ်လိုကူညီပေးရမလဲလုံးလုံးမသိဘူး။ရှောင်ကျန့်ကသူ့ဆုတောင်းပြည့်မယ်ထင်ခဲ့
ပေမယ့်ထုံးစံအတိုင်းတောင်းသာတောင်းရပီး
မပြည့်တဲ့ဆုတွေထဲကတစ်ခုပါပဲ။တစ်ပတ်တိတိကြာပီးတဲ့နောက်မှာ
ဖြူဖြူဖွေးဖွေး ကောင်လေးကိုပြန်တွေ့ရတယ်။ရုံးဆင်းချိန် Car parking မှာ သူ့ကား ကိုမှီပီး
ရပ်စောင့်နေတဲ့ဝမ်ရိပေါ်က လွန်ခဲ့တဲ့တစ်ပတ်က
ထပ်စာရင်အနည်းငယ်ပိန်ကျသွားတယ်။
YOU ARE READING
° ᴵᶠ ᴵ ᴴᵃᵈ ᴬ ᶜʰᵃⁿᶜᵉ °