ဆေးရုံကုတင်ပေါ်မှာလှဲနေတဲ့
ဖြူစုပ်စုပ်လူကိုကြည့်ရင်း
ရှောင်ကျန့်ခေါင်းတွေ
တဗျင်းဗျင်းကုတ်နေတယ်။ညက၁၂နာရီကျော်နေပီ ခုထိအဲ့လူကသတိမေ့နေတုန်း
ဘာဒဏ်ရာမှ ကြီးကြီးမားမားမရဘဲ
ဘာလို့ခုထိမနိုးလာသေးတာလဲ
သူစဉ်းစားလို့မရဘူး။ဒီမတော်တဆမှုကသူ့ကြောင့်မဟုတ်တာ
သေချာနေပေမယ့်ဒီလူမနိုးမချင်းပြန်လို့မရဘူးလို့
တာဝန်ရှိသူတွေကပြောလာတယ်။"မနက်ဖြန်တနင်္ဂနွေနေ့ပါဆို ရှုပ်လိုက်တဲ့ဇာတ်တွေကွာ"
ရှောင်ကျန့်ကသေအောင်အိပ်ချင်နေပီ
ဒီလူသာဒီညနိုးမလာရင်သူပါဒီမှာအိပ်ရတော့မှာသူ သက်ပြင်းတွေချရလွန်းလို့
ဗိုက်ပါဆာလာတာနဲ့
စားစရာတစ်ခုခုဝယ်ဖို့အခန်းပြင်
ခဏထွက်သွားလိုက်တယ်။သူသွားတာက ၁၅မိနစ်လောက်ပဲကြာတယ်။
ဟိုလူနိုးလာရင်ဘာမှမစားရသေးမှာ
စိုးလို့ဆိုပီးစားစရာတွေလိုရမယ်ရ
ပိုဝယ်လာလိုက်တယ်။သူအခန်းကိုပြန်ရောက်တော့ ကုတင်ပေါ်ကလူက
ထထိုင်နေပီ။ရှောင်ကျန့်ပြူးပြူပြာပြာဖြစ်သွားတယ်။
တစ်ဖက်ကလူကတော့သိပ်ကိုအေးအေးဆေးဆေးပဲ
သူ့ကိုစိုက်ကြည့်နေတယ်။"မင်း မင်းနိုးပီလား ငါမင်းကိုဘယ်လောက်တောင်
စောင့်လိုက်ရလဲသိလား"ဖြူဖပ်ဖြူရော်နဲ့လူကသူ့ကိုစိုက်ကြည့်နေတုန်းပဲ။
မျက်မှောင်တွေလည်းကျုံ့ထားသေးတယ်။"ဒီမှာ ဟေ့ကောင်စကားပြန်ပြောဦး မင်းမှာဘာမှ
ပြောစရာမရှိဘူးလား ဟမ်
မင်းမီးပွိုင့်မှာငါ့ကားရှေ့အတင်းပြေးဝင်လာတာ
မမှတ်မိဘူးလား ငါမင်းကိုမတိုက်မိဘူး
မင်းဘာမှမဖြစ်သွားဘူးလို့လည်းဆရာဝန်တွေက
ပြောတယ် ဒါပေမယ့် မင်းနိုးတဲ့ထိနေရမယ်ဆိုလို့
ငါဒီမှာ ထိုင်နေရတာသေတော့မယ် "".........."
သူ့ကိုဘာမှပြန်မပြောပဲစိုက်ပဲကြည့်နေတဲ့ကောင်ကို
ရှောင်ကျန့်တော်တော်အသည်းပေါက်လာတယ်။
YOU ARE READING
° ᴵᶠ ᴵ ᴴᵃᵈ ᴬ ᶜʰᵃⁿᶜᵉ °