Part 8 (U+Z)

519 94 6
                                    

Unicode

ကျောပိုးအိတ်အညိုရောင်လေးတစ်လုံးကို
တစ်မမနဲ့လူတစ်ယောက်ကတိုက်ခန်းငယ်ရဲ့
ဧည့်ခန်းထဲမှာခြေထောက်တွေကို
ခေါက်တုံ့ခေါက်ပြန်အလုပ်ပေးနေတယ်။

အိမ်ရှေ့တံခါးကို လာခေါက်မယ့် လက်တစ်စုံကို
မျှော်ရတာကအဲ့လောက်ထိရင်မောဖို့ကောင်းမယ်
မှန်းရှောင်ကျန့်မသိခဲ့ရိုးအမှန်။

တနင်္ဂနွေနေ့မှာအစောကြီးထပီး
တစ်စုံတစ်ယောက်ကိုစောင့်နေရလိမ့်မယ်လို့လည်း
သူစိတ်ကူးတောင်မယဉ်ခဲ့ဖူးဘူး။

တစ်ကယ်ဆို သူစောင့်နေတဲ့သူက
ညနေစောင်းမှလာမယ်ဆိုတာသိသိကြီးနဲ့တောင်မှ
လေ။

ဒီလိုနဲ့ ဝမ်ရိပေါ်က သူ့ဘဝအတွက်သိပ်ကို
ကြောက်ဖို့ကောင်းတဲ့
အပြောင်းအလဲတစ်ခုဖြစ်မှန်းမသိ
ဖြစ်လာခဲ့ရတယ်။

ရှောင်ကျန့်ရဲ့ဟိုတစ်စဒီတစ်စအတွေးတွေကို
သီးသန့်ထားထားတဲ့ ဖုန်း ringtone တစ်ခုက
လာဖျက်စီးပေးတယ်။

သူဖုန်းကိုလှမ်းကိုင်မိတာများ
နှစ်စက္ကန့်တောင်မကြာဘူး။

"အင်း ရိပေါ် ပြော"

"ကျွန်တော် အောက်မှာရောက်နေပီ
အပေါ်မတက်လာတော့ဘူးနော်
စက်ဘီးမစီးလိုက်ရပဲမောသွားမှာစိုးလို့"

ဒါပထမဆုံးသူကိုယ်တိုင်ရွေးထားတဲ့
လေးထပ်မြောက်ကသူ့တ်ိုက်ခန်းကိုအော်ဆဲချင်
စိတ်ဖြစ်မိတာပဲ။

ရိပေါ်ကသူ့ဆီလာတိုင်း ဓာတ်လှေကားမရှိတဲ့တိုက်မှာ
လေးထပ်မြောက်ကသူ့အခန်းဆီကိုပင်ပင်ပန်းပန်
တက်ရရှာမှာ။

"အင်း ရိပေါ် မလာခဲ့နဲ့ ငါခုဆင်းလာခဲ့မယ်"

ကျောပိုးအိတ်ကိုချက်ချင်းဆွဲပီး ပြေးဆင်းရင်း
သူ့ခြေထောက်ရှည်တွေကဒီနေရာမှာသိပ်အသုံးဝင်
မှန်းသတိထားမိတယ်။

အောက်ကိုရောက်ဖို့ ငါးမိနစ်တောင်မလိုဘူး။

ရိပေါ်ကအဖြူရှောင်ရှပ်ရိုးရိုးကလေးကိုမှ
အပေါ်ကအဖြူရောင်တီရှပ် လက်ရှည်လေး
တစ်ထည်ထပ်ဝတ်လာတယ်။

° ᴵᶠ ᴵ ᴴᵃᵈ ᴬ ᶜʰᵃⁿᶜᵉ °Where stories live. Discover now