အပိုင်း ၄ [Zawgyi]

2.6K 78 0
                                    

" ဘေဘီ ဘာလုပ်နေတာလဲ"
" ဘယ်ရောက်နေတာလဲ "
" ဘာလို့ ဖုန်းမကိုင်နိုင်ရတာလဲ "
" ဘယ်သူနဲ့ ရှိနေလို့ ဖုန်းမကိုင်နိုင်ရတာလဲ "
" မှူးသက်ပိုင် မင်းငါ့ကို စိတ်တိုအောင်လုပ်နေတာလား"
တတီတီ ဝင်နေသော message များနှင့်ရဲတောက်နေသော missed call များ။

ဖုန်းကို silent လုပ်ထားပေမယ့် message ဝင်လာတိုင်း တုန်တုန်သွားသည့် vibrate ကပင် လူကို လန့်၍ သေစေနိုင်သည်။

မှူးသက်ပိုင် တယောက်တည်း ချွေးပင်ပြန်လာရသည်။

ဒီနေ့ သူတို့မိသားစုနဲ့ ကိုထက်အောင်ရှိုင်းတို့မိသားစုနှစ်စု ဆုံပီးအပြင်မှာ Dinner ထွက်စားကြတာဖြစ်သည်။

ကိုထက်အောင်ရှိုင်းတို့မိသားစုနဲ့သူတို့မိသားစုဆိုတာ သူငယ်ငယ်လေးထဲက ခြံချင်းကပ်နေခဲ့ကြတဲ့ အိမ်နီးချင်းမိတ်ဆွေတွေဖြစ်ပီး ကိုထက်အောင်ရှိုင်း ဖေဖေနဲ့ မှူးတို့ဖေဖေဆိုတာ အရမ်းကို ပနံသင့်ကြတဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်လည်းဖြစ်ကြသည်။

ကိုထက်အောင်ရှိုင်းက မမထက် တစ်နှစ်ကြီးကာ သူ့ထက်တော့ ၅နှစ်လောက်ကြီးလေသည်။

နှစ်အိမ်တစ်အိမ် မိသားစုလိုနေခဲ့ကြရာမှ သူ ၅တန်းနှစ်မှာ ကိုထက်အောင်ရှိုင်းတို့က မိသားစုလိုက် နိုင်ငံခြားကို ပြောင်းပီး ဟိုမှာပဲအခြေချနေထိုင်ခဲ့ကြသည်။

လွန်ခဲ့လဲ တစ်လလောက်ကမှ ပြန်လာခဲ့ကြတာဖြစ်ပီး ခုမှပဲ မိသားစုနှစ်စုဆုံကာ ထွက်စားဖြစ်ကြတာဖြစ်သည်။

" ငါ့တူက ဟိုကရေမြေနဲ့တည့်တယ်ထင်တယ် ပိုချောပိုခန့်လာပါလားဟေ့"

" ဒါကတော့ အဖေဖြစ်တဲ့ငါနဲ့တူတာကိုးကွ"

" ဟားဟားဟား ဟုတ်ပါပီကွာ မင်းကတော့ အရင်အတိုင်းပဲ ခုထိဘာမှမပြောင်းလဲဘူး"

" သားနဲ့သမီးကရော ကျောင်းပီးပီလား "

" သမီးကတော့ ပီးပီ ဦး ခုတော့ ဖေဖေ့အလုပ်တွေပဲ ဝိုင်းကူလုပ်နေရတာပေါ့ မှူးလေးကတော့ Third years တက်တုန်း "

ကိုထက်အောင်ရှိုင်းရဲ့အဖေဦးထက်မြက်ရဲ့အမေးကို မမက သိမ်မွေ့စွာပင် ဝင်ဖြေလေသည်။

My Bad BoyfriendNơi câu chuyện tồn tại. Hãy khám phá bây giờ