အပိုင်း ၉ [ Unicode ]

3.8K 295 12
                                    

ဘာလိုလိုနှင့် နွေရာသီနေ့ရက်တွေရောက်လာခဲ့ပြီ။
စာမေးပွဲတွေလည်းနီးလာပြီဖြစ်သည်။

မောင် Accident ဖြစ်တုန်းက မောင့်နားနေပီး ကျောင်းပျက်ရက်များခဲ့ရခြင်းကြောင့် လိုက်မမှီသော‌စာများအား ခုမှအသည်းအသန် လိုက်လုပ်နေရသဖြင့် မောင်နဲ့တောင်မတွေ့ဖြစ်။

ဟိုလူဆိုးကောင်ကတော့ စာလုပ်လား မလုပ်လား မသိ။

သူ‌ပြောလိုက်ရင်တော့ စာလုပ်နေပါတယ် ဆိုသည်ချည်းသာ။

နှစ်ယောက်အတူတူစာလုပ်ဖို့ဆိုတာကလည်း Major မတူစာမတူသည့်အပြင် သူနဲ့ဆို မောင်ကစာမလုပ်တော့။

သူ့ကိုစဖို့လောက်သာ လုပ်နေတတ်တာမို့ ကိုယ့်စာကိုယ် ကိုယ့်ဘာသာပဲ လုပ်ကြဖို့ဖြစ်လာသည်။

မတွေ့ရတာကြာတော့လည်း မောင့်ကိုလွမ်းပါသည်။

စာလုပ်‌တာကြာလာတော့ ခဏနားရင်း ဖုန်းကိုဖွင့်ကြည့်လိုက်သည်။
ဟေသာရယ် ပိုးဥရယ် သူရယ် ၃ယောက်ဖွဲ့ထားသော group chat ထဲပို့ထားတဲ့စာတွေကမနည်း။
သူဝင်ကြည့်တော့ကြည့်နေရင်းတန်းလန်းပင်စာတွေကထပ်ရောက်လာသည်။

Haythar : ကလောသွားမယ်ဟာ

Poe : ကလောမသွားချင်ပါဘူး ရောက်ဖူးပီးသားကို
ကမ်းခြေတခုခု သွားရအောင်လေ

Haythar : ဒီအချိန်ကလူများမှာဟ မသွားချင်ဘူး

Poe : Oversea ထွက်ရင်ကော

Haythar : အေ မဆိုးဘူး ဘယ်နိုင်ငံလဲ ငါကတော့
Paris

Poe : Korea သွားချင်တယ်

Haythar : ကျေးဇူးရှင် လိုင်းတက်လာပီ မှူး နင်‌ရော
ဘယ်သွားချင်လဲ

သူတို့သူငယ်ချင်းတွေ စာမေးပွဲပီးလို့ကျောင်းပိတ်ရင်ခရီးထွက်ဖို့တိုင်ပင်နေကြတာဖြစ်သည်။
ခရီးထွက်ဖို့တိုင်ပင်ထား‌တာတော့ တလလောက်ပင်ရှီပီဖြစ်ပေမယ့် သွားမယ့်နေရာက ခုထိ ညှိလို့မရနိုင်သေး။
ခုလည်း သူလိုင်းတက်လာတာမြင်တော့ သူ့အားဆွဲထည့်ပြန်သည်။

Hmue : နင်တို့တွေ စာမလုပ်ပဲ ဒါပဲတိုင်ပင်နေ
ကြတော့မှာလား

Haythar : စာကအရေးမကြီးပါဘူး ရပီးသားတွေ
ငါမေးတာသာဖြေစမ်းပါ

My Bad BoyfriendNơi câu chuyện tồn tại. Hãy khám phá bây giờ