အပိုင်း ၂၀ [ Unicode]

3.5K 271 56
                                    


ခံစားချက်ဆိုတာ လူတွေရှေ့မှာလောက်သာထိန်းချုပ်ရတာဖြစ်ပီး မမြင်ကွယ်ရာထိ ထိန်းချုပ်ဖို့မလိုကြောင်း ကောင်းကောင်းနားလည်တဲ့ မျက်ရည်တို့ဟာ Party ကို ကျောခိုင်းလိုက်တာနဲ့ ပါးပြင်ပေါ်ကိုအတားအဆီးမရှိ ကျဆင်းလို့လာသည်။

ကားတံခါးကိုပိတ်လို့ ကားမထွက်နိုင်သေးပဲ ရှိုက်ငိုနေမိတာ အချိန်တော်တော်ကြာသည်အထိ။

ရပ်တန့်ဖို့ခက်စွာ စီးကျလာတဲ့မျက်ရည်တို့ကို လွပ်လပ်စွာ ကျခွင့်ပေးထားလိုက်သည်။

ရုတ်တရက် ကားတံခါးကိုဆွဲဖွင့်လာတာကြောင့် အလန့်တကြားမော့ကြည့်မိတော့ ခုချိန်မှာ မမြင်ချင်ဆုံးသူလူဆိုးကောင်က ကားတံခါးနှင့် ကားဘော်ဒီကြား လက်ထောက်မှီကာရပ်ရင်း သူ့ကိုငုံ့ကိုင်း၍ကြည့်လာသည်။

" မင်း မင်း ဘာလာလုပ်တာလဲ "

" ဘာကအလုပ်ဖြစ်သွားတာလဲ "

" ဘာ "

" နောက်တယောက်နဲ့တွဲပြလိုက်တာကလား သီချင်းဆိုပြလိုက်တာကလား "

" ဘာတွေ လာပြောနေတာလဲ"

"နောက်တယောက်နဲ့တွဲပြလိုက်လို့ ခံစားရပီး ငိုတာလား
ဒါမှမဟုတ် သီချင်းဆိုပြလိုက်လို့ ဟတ်ထိပီးငိုတာလားလို့ "

"တခုမှမဟုတ်ဘူး "

" အဲ့တာဆို ဘာလို့ ငိုတာလဲ "

" ငါ့ဟာငါ ငိုတာ မင်းနဲ့ ဘာဆိုင်လို့ လာမေးနေတာလဲ ကိုယ့်လမ်းကိုယ်သွား "

ပြောပီး ကားတံခါးကို အတင်းပြန်ဆွဲပိတ်နေသူကြောင့် တံခါးကို ပြန်ဆွဲထားလိုက်ရသည်။
ငိုထားလို့ နီရဲမို့အစ်နေသည့် မျက်လုံးတွေ တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းလေးတွေက ချော့ပါ မြှူပါလို့ လက်ယပ်ခေါ်သည်။
ကိုယ့်မျက်နှာမှာမဟုတ်ဘဲ အခြားတယောက်ပါးမှာကျတဲ့ မျက်ရည်ဟာ ဘာလို့များ ကိုယ့်နှလုံးသားကို နာကျင်စေရပါသလဲ။

" ငါက ထားခဲ့ခံရတဲ့ကောင်ပါ ... ဘာလို့ မင်းက ပိုခံစားပြနေရတာလဲ "

"အခု ငါကရော မင်းကြောင့် ခံစားနေရပါတယ် ပြောလို့လား "

" အသိသာကြီးပဲ မဟုတ်ဘူးလား "

My Bad BoyfriendWo Geschichten leben. Entdecke jetzt