အပိုင်း ၃ [Zawgyi]

3K 95 2
                                    

" ဟေသာ ငါ့ကိုတခုကူညီ"

အတန်းချိန် တချိန်ပီးလို့ ဆရာမ မလာသေးတာကြောင့် ဖုန်းထိုင်သုံးနေတဲ့ ဟေသာတယောက် မှူးသက်ပိုင်၏အသံကြောင့် ဖုန်းကိုကြည့်နေရာမှ ခေါင်းမော့ကြည့်လိုက်သည်။

" ဘာကူညီရမှာလဲ ပြောလေ မှူး"

" အတန်းရှေ့မှာ ငါ့ Ex ရောက်နေတယ် အဲ့တာသူ့ကိုဒါလေးသွားပေးပေး"

" ဟမ် !"

" ဟမ် "ဆိုတာက ဟေသာဆီမှရော ပိုးဥဆီမှပါ ပြိုင်တူထွက်လာတဲ့ အာမေဋိတ်သံ‌ဖြစ်ပီး မှူးကတော့ အေးဆေးတည်ငြိမ်စွာပင် အထုတ်တစ်ထုပ်အား သူမရှေ့ချပေးလာသည်။

Ex ... မှူးသက်ပိုင်မှာ Ex ရှိတာလား ?
မှူးနဲ့သူမတို့ဆိုတာ First year ထဲက ပေါင်းလာတာလေ ။
Second Year ရောက်မှ ရှိန်းမင်းခန့်နဲ့တွဲတယ်ဆိုပေမယ့် ရှိန်းမင်းခန့်မတိုင်ခင်ကလည်း ဘယ်သူနဲ့မှလည်း တွဲတယ်လို့မကြားဖူး။
ရှိန်းမင်းခန့်နဲ့ တွဲနေတုန်းလည်း ရှုပ်ရှုပ်ယှက်ယှက် တခါမှ ရှိခဲ့ဖူးတာမဟုတ်။
သူမတို့မသိတဲ့ မှူးရဲ့ Ex က ဘယ်သူများလဲ ?
မဟုတ်မှလွဲရော ရှိန်းမင်းခန့်လို့တော့ မပြောနဲ့နော် ။

" ဘယ်သူလဲ နင့် Ex က "

" သိချင်သွားကြည့်လိုက် "

ဟေသာလည်း ယောင်နနနဲ့ အထုပ်ဆွဲပီး အတန်းရှေ့ထွက်လာလိုက်သည်။
အတန်းရှေ့ရောက်တော့ တွေ့ပါပီ မောင်မင်းကြီးသား။
စပ်စပ်စုစုနဲ့ ယုံကြည်ပီး ထွက်လာမိတဲ့ မိမိအမှား ။ ဘယ်သူ့အမှားမှမဟုတ်ဘူး။
မိဟေသာရေ ပဲလှော်ကြားဆားညှပ်လိုက်ဦး။

" ရော့ မှူးသက်ပိုင် ပေးခိုင်းလိုက်တာ"

အနားသွားကာ အထုပ်အားထိုးပေးလိုက်တော့ ကားကိုမှီကာ ရပ်နေသော ရှိန်းက အထုပ်ကိုပင်မကြည့်ပဲ

" သူက ဘာလို့ကိုယ်တိုင်မလာတာတဲ့လဲ"

" မ မသိဘူးလေ သူမလာချင်လို့ ဖြစ်မှာပေါ့ "

" သူကိုယ်တိုင် လာပေးမှယူမယ် မပေးရင် မယူနိုင်ဘူးလွှင့်ပစ်လိုက်လို့ ပြောလိုက်"

ယူချင်ယူမယူချင်နေဆိုပီး အထုပ်ပစ်ချပီး ပြေးလိုက်ချင်ပေမယ့် တကယ့်လက်တွေ့မှာမရဲတော့ ဟေသာ မျက်ရည်များပင်ဝိုင်းလာရသည်။

My Bad BoyfriendOù les histoires vivent. Découvrez maintenant