အပိုင်း ၂

6.2K 422 21
                                    

မနေ့က တညလုံး ကောင်းစွာ မအိပ်ရ‌ခြင်းရဲ့အကျိုးကျေးဇူးက အတန်းထဲရောက်တော့ ဟန်ပင်မဆောင်နိုင်အောင် အိပ်ငိုက်ခြင်းပင်။
အရှေ့က ဆရာမ ဘာတွေပြောနေမှန်းလဲ မသိ ဘာတွေသင်နေမှန်းလည်းမသိ ။
နောက်ဆုံး စာသင်နေတာ ဘယ်ဆရာမ မှန်းပင်မသိတော့တဲ့အထိ။
အိပ်ရေးပျက်ခြင်းမှာ ရင့်ကျက်နေသူ ဟေသာမကတော့ မနေ့က ကဲထားတာ သူမဟုတ်သည့်အလား လန်းဆန်းတက်ကြွလို့။
ကျေးဇူးရှင် ရှိန်းမင်းခန့်ကတော့ ခုထိ အိပ်ကောင်းတုန်းထင်သည်။
ဖုန်းပင်မကိုင်။
လာ‌ပလေ့စေဦး တွေ့မယ် ဒင်း။

" ကန်တင်းသွားမယ် မှူး"

" ငါမလိုက်နိုင်တော့ဘူး သွားတော့ အိပ်ဦးမယ် တအား အိပ်ချင်နေပီ"

" မနေ့ညက အိမ်တန်းမပြန်ဘူးလား ဘယ်တွေသွားပီး ဘာတွေလုပ်နေလို့ နင်ကအဲ့လောက်တောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေရတာတုန်း "

" အိမ် အိမ်တန်းပြန်တာပဲလေ နောက်ကျသွားတာက ရှိန်းနဲ့ ရန် ရန်ဖြစ်နေလို့ "

သူအလန့်တကြား ဆိုတော့ ဟေသာက ဟုတ်လို့လား ဆိုသည့်အကြည့်နဲ့ကြည့်လာသည်။
သူမလုံမလဲဖြင့် စာအုပ်တွေအား လွယ်အိတ်ထဲကောက်ထည့်ပီး

" သွားမယ်ဟာ သွားမယ် နားကိုငြီးတယ် "

ဟုဆိုကာ ရှေ့ကနေ ထွက်သွားလိုက်တော့ ဟေသာနဲ့ ပိုးဥက နောက်ကလိုက်လာသည်။
ကန်တင်းရောက်တော့ ထိုင်နေကျဆိုင်မှာ ဝင်ထိုင်လိုက်ကာ အိပ်ငိုက်ပြေစေရန်အလို့ငှာ သံပုရာရည်နဲ့ ထမင်းကြော် တစ်ပွဲ မှာလိုက်သည်။

" ဟဲ့ မှူး ငါတို့ အတန်းဆင်းရင် ရုပ်ရှင်သွားကြည့်ရအောင် ဟိုတလောက နင့်ကိုပြောတဲ့ သရဲကားရုံတင်ပီ  လိုက်မှာမလား"

" ပိုးဥရောလား "

" အေးပေါ့ဟဲ့ ငါမလိုက်လို့ရမလား"

ပိုးဥက ဝင်ပြောတော့ သူစဉ်းစားလိုက်ပီး

" အေ သွားကြတာပေါ့"

Ring Ring

" ဘေဘီ ဘယ်မှာလဲ "

" ကန်တင်းမှာ "

" အင်း မောင်လာပီ"

ပြောပီး ဖုန်းချလိုက်တော့ ဟေသာက ဘာတဲ့လဲဆိုတဲ့ပုံနဲ့ မေးဆတ်ပြသည်။

My Bad BoyfriendDove le storie prendono vita. Scoprilo ora