အပိုင်း ၁၇ [ Zawgyi ]

1.4K 45 0
                                    

" မှူးသက်ပိုင် ပြန်လာတော့မယ်တဲ့ "

ဆေးလိပ်ဘူးကိုလှမ်းယူလိုက်တဲ့ လက်ဟာ တုန်ကနဲ။

" အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ "

ဘာမှမဖြစ်သလိုပဲ ဆေးလိပ်တစ်လိပ်ထုတ်ကာ နှုတ်ခမ်းမှာတပ်လိုက်ရင်း မီးခြစ်ကို လိုက်ရှာတယ်။

မတွေ့တဲ့အခါ နှုတ်ခမ်းမှာ တပ်ထားတဲ့ ဆေးလိပ်ကိုမသောက်တော့ပဲ ရှေ့စားပွဲက ပြာခွက်ဘေးက အရက်ခွက်ထဲ အတင်းထိုးထည့်တယ်။
ပီးတော့ နောက်တလိပ်ကို ထပ်ထုတ်ပီး နှုတ်ခမ်းမှာတပ်ပီး မီးခြစ်ကိုထပ်ရှာပြန်တယ်။

ရှေ့တည့်တည့်မှာချပီး မမြင်နိုင်ဖြစ်နေတဲ့မီးခြစ်ကိုယူကာ လက်ထဲထည့်ပေးလိုက်တော့ အယောင်ယောင်အမှားမှားနဲ့ယူတယ်။
ငါနဲ့မဆိုင်ဘူးဆိုပီး ပြန်လာမယ်အသံကြားရုံနဲ့ ယောက်ယတ်ခတ်နေသူကိုကြည့်ကာ ဟေသာ သက်ပြင်းမောသာ ချလိုက်မိသည်။

" နင့်ဆေးလိပ်က ပြောင်းပြန်ကြီး ပြန်တည့်လိုက်ဦး "

" ငါ သိတယ် "

" ဖြစ်ပျက်နေလိုက်တာ "

ဘာမှမပြောပဲ ဆေးလိပ်ကိုမီးညှိသောက်ပီး တစ်ဖွာ နှစ်ဖွာ ဖွာပီး အရက်ခွက်ထဲ ထိုးထည့်ပြန်သည်။

" နင်သူ့ကိုမတွေ့ချင်ဘူးလား ရှိန်း "

" ငါက ဘာလို့တွေ့ချင်ရမှာလဲ ငါ့ကိုထားပီးနောက်တယောက်နဲ့ကောက်ကောက်ပါအောင်ထွက်သွားတဲ့သူကို ပန်းစည်းကိုင်ပီး လေဆိပ်ထိသွားကြိုရမှာလား "

"နင် တကယ် သူ့ကိုမေ့နိုင်လို့လား "

" အဓိပ္ပာယ်မရှိတဲ့စကားတွေကို မပြောစမ်းနဲ့ ဟေသာ ... ငါ့မှာ ငါ ဘယ်လောက်သုံးသုံး ငါဘယ်လောက်ဆိုးဆိုး နောက်ကလိုက်ရှင်းပေးမယ့် ဒယ်ဒီ ရှိတယ်... နောက်ပီး ငါ့မှာ ရည်းစားလှလှလေးတွေလည်းအများကြီးရှိတယ် ... ဘာကိစ္စ ငါ့ကိုထားခဲ့တဲ့သူကိုမှ ထိုင်လွမ်းနေမယ်လို့ ထင်ရတာလဲ ငါ့မှာလည်း မာနရှိတယ် ငါသူ့ကိုလုံးဝလည်း တွေ့ချင်မနေဘူး ဘာတဲ့လဲ သူက နောင်တတွေရပီး ငါ့ဆီပြန်လာချင်နေပါပီတဲ့လား "

" မှူးသက်ပိုင်ကအဲ့လိုတော့ မပြောပါဘူး ဒီကြားထဲ နင်ဆိုးထားတာတွေက နည်းနည်းနောနောလား သူမသိပဲနေမလား ဟိုက နင့်ထက်တောင် မာနကြီးသေး ခုတောင် သူပြန်လာတာ နင့်ကိုမသိစေချင်တဲ့ပုံနဲ့ "

My Bad BoyfriendHikayelerin yaşadığı yer. Şimdi keşfedin