Unicode
"Jungkookရေ...jungkook....''
မျက်လုံးအစုံကို မှေးမှိတ်ပြီး နှုတ်ခမ်းလေး ကွေးညွတ်ရင်း အိပ်ပျော်နေသည့် ကောင်လေးတယောက် နားထဲတိုးဝင်လာသော ငှက်ဆိုးထိုးသံလိုလို ဘာလိုလိုကြောင့် မျက်လုံးတို့ကို မဖွင့်ချင်ဘဲ ဖွင့်လိုက်ရသည် ...
"ခွေးကောင်....အိပ်နေရင် လာမနှိုးနဲ့လို့ပြောထားတာကို....''
"ခုပြောမှာက အရေးကြီးတယ်ကွ....ထစမ်းပါကွာ....ဟေ့ရောင်....''
"အေး....ဘာလဲကွာ!....ဘာလဲ!....''
စိတ်တိုစွာ ခုံပေါ်မှောက်နေရာက ခေါင်းပြန်ထောင်ပြီး ထအော်လိုက်တာမို့ အတန်းသားတွေက သူတို့ကို ကြည့်လာသည်...
ထားပါလေ...မဟုတ်လဲ သူအိပ်တာကို သရေကျမတတ် ငမ်းနေကြတဲ့သူတွေပဲဟာ...ဟူး....ရုပ်ချောတာက ထိုနေရာမျိုးမှာတော့ မကောင်းပါ....ဘယ်သွားသွား ဘာလုပ်လုပ် လွတ်ကိုလွတ်မလပ်...
"ငါတို့ကျောင်းကို ကျောင်းသူသစ်ပြောင်းလာမယ်တဲ့... ''
"ဟာ...ဒီငပြူးကတော့ အထိုးခံချင်လို့....အဲ့ဒါက အရေးကြီးတာလား....''
"အင်းလေ....ကျောင်းသူသစ်တိုးတယ်ဆိုတော့ မင်းအတွက် စိတ်ရှုပ်စရာ ထပ်တိုးတာပေါ့....ခုတောင် ဒီကျောင်းကို မင်းကြောင့်ပြောင်းလာတဲ့ မိန်းကလေးတွေကများတာကို....အဲ့တယောက်လဲ မင်းကိုကြွေလို့ ပြောင်းလာတာဖြစ်မယ်....''
ဒီတခါတော့ ငပြူးစကားကို သူလက်ခံလိုက်ရသည်...စော်ကြည်လွန်းတော့လည်း ခက်သား...ဘယ်မှာနေနေ oppa oppaနဲ့ လာလာကပ်ကြတဲ့ မိန်းကလေးတွေကြောင့် နေရတာ အဆင်မပြေ....ခုနောက်တယောက် ပြောင်းလာပြန်ပြီိတဲ့လား....
"မင်းပြောတာလဲ ဟုတ်သား ငပြူးရဲ့....''
သူငယ်ချင်းဖြစ်သူ ငပြူးအား ပခုံးကိုလှမ်းဖတ်ရင်း ပြောလိုက်သည်....အဲ....ငပြူးဆို၍ မျက်လုံးပြူးသည်တော့ မထင်ပါနှင့်....ပွင့်နေတယ်လို့ မထင်ရအောင်ကို ကျဉ်းလွန်းလှတဲ့ မျက်ဝန်းတွေ ပိုင်ဆိုင်ထားသူကြောင့် နာမည်ပြောင်အနေနဲ့ ငပြူးဟုခေါ်နေခြင်း.....
"ငါ့ကို ငပြူးငပြူးနဲ့ မခေါ်စမ်းပါနဲ့ကွာ....နာမည်ရှိတယ်....နာမည်ပဲခေါ်...''
YOU ARE READING
WHAT?(COMPLETED)
Fanfictionမင်္ဂလာပါ ယောရောဘွန်းတို့....တခုလောက်မေးလို့ရမလားခင်ဗျ....Whatဆိုတာ ဘာလဲဟင်?🤔..... OTP-YOONKOOK မင်္ဂလာပါ ယောရောဘွန်းတို့....တခုလောက်မေးလို့ရမလားခင်ဗျ....Whatဆိုတာ ဘာလဲဟင်?🤔..... OTP-YOONKOOK